Pages

Wednesday, September 7, 2016

ခြံစည်းရိုး

သံဗုဒ္ဓေရွတ်လို့၊ ထီးကွန်ခြာမိုး
လုံခြုံခိုကိုး၊ ခြံစည်းရိုးခတ်တယ်။
၎-၃-၂၊ ကဝိအနှစ်နဲ့
ငါ့ကဗျာကို ခြံစည်းရိုးခတ်တယ်။
တံခါးမပိတ်ဘဲ နေနိုင်တဲ့ဘဝ
ပိုင်ဆိုင်မှုတွေရလာတော့ ခြံစည်းရိုးခတ်တယ်။
ငါတို့အရိုး၊ အမျိုးဘာသာ
ကိုယ်ကိုးကွယ်တာမှ မြတ်သမို့
ခြံစည်းရိုးခတ်တယ်။  
ပင့်ကူတစ်ကောင်၊ သားကောင်ကို တွေ့သလို
ခြံစည်းရိုးခတ်တယ်။

ယောဟန်အောင်

ဒီ ၂၂၊ ၂၀၁၅

No comments:

Recent Comments