Pages

Saturday, December 18, 2010

Blowing in the Wind လေနဲ့အတူ လွင့်မျောလေပြီ

ဒီသီချင်းပဲ။ ဆရာဦးမြင့်က ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် Kim Aris နဲ့ အတူ ဆိုခဲ့တယ်။ ကျနော်လည်း အခုတော့ လိုက်ဆိုကြည့်မိနေတယ်၊



Blowing in the Wing
လေနဲ့အတူ လွင့်မျောလေပြီ

How many roads must a man walk down
Before you call him a man ?
ယောက်ျားတယောက်က လမ်းတွေ ဘယ်လောက်ဆက်လျှောက်နေရဦးမှာလဲ
သူ့ကို လူတယောက်အဖြစ် အသိအမှတ်ပြုဖို့လေ..

How many seas must a white dove sail
Before she sleeps in the sand ?
ချိုးငှက်ဖြူတကောင်က ပင်လယ်ဘယ်လောက် ဖြတ်ရဦးမှာလဲ
နောက်ဆုံး သဲသောင်ခုံမှာ အိပ်စက်နားရဖို့..

Yes, how many times must the cannon balls fly
Before they're forever banned ?
ဘယ်နှစ်ကြိမ်အထိ အမြောက်ကျည်တွေ ပျံသန်းနေဦးမှာလဲ
နောက်ဆုံး လုံးဝတားမြစ်ခံရတဲ့ အချိန်အထိပေါ့။

The answer my friend is blowin' in the wind
The answer is blowin' in the wind.
ကျနော့်မိတ်ဆွေ အဖြေကတော့ လေနဲ့အတူ လွင့်ပါးသွားလေရဲ့

Yes, how many years can a mountain exist
Before it's washed to the sea ?
တောင်တလုံးက နှစ်ဘယ်လောက်ကြာကြာ တည်နိုင်သတဲ့လဲ
နောက်ဆုံး ပင်လယ်ထဲကို ပြိုကျသွားတဲ့အထိလေ..

Yes, how many years can some people exist
Before they're allowed to be free ?
တချို့လူတွေက နှစ်ဘယ်လောက်ကြာကြာ တည်ရှိနေနိုင်ဦးမလဲ
သူတို့ကို လွတ်လပ်ခွင့်ပြုတဲ့ အချိန်အထိလေ..

Yes, how many times can a man turn his head
Pretending he just doesn't see ?
လူတယောက်က ဘယ်လောက်ကြာကြာ.. မမြင်ချင်ယောင် ဆောင်ပြီး နေနိုင်လိမ့်ဦးမှာလဲ..

The answer my friend is blowin' in the wind
The answer is blowin' in the wind.
ကျနော့်မိတ်ဆွေ အဖြေကတော့ လေနဲ့အတူ လွင့်ပါးသွားလေရဲ့

Yes, how many times must a man look up
Before he can see the sky ?
လူတယောက်က ကောင်းကင်ကိုမြင်ရဖို့
ဘယ်နှစ်ကြိမ်လောက် မော့ကြည့်နေရဦးမှာလဲ

Yes, how many ears must one man have
Before he can hear people cry ?
လူတွေ ငိုကြွေးနေသံကို ကြားရဖို့
လူတယောက်က နားဘယ်နှစ်ခု ရှိဖို့လိုအပ်ပါသတဲ့လဲ

Yes, how many deaths will it take till he knows
That too many people have died ?
လူတွေ အများကြီး သေနေပြီဆိုတာ သူသိစေဖို့
ဘယ်လောက်များများ သေပေးဖို့ လိုအပ်နေပါသေးသလဲ။

The answer my friend is blowin' in the wind
The answer is blowin' in the wind.
ကျနော့်မိတ်ဆွေ အဖြေကတော့ လေနဲ့အတူ လွင့်ပါးသွားလေရဲ့

No comments:

Recent Comments