တဆောင်းလုံး
ကိုယ့်ကိုယ်ကို လွှမ်းပတ်ထားတဲ့
အလွမ်းတွေက အထပ်ထပ်..
အပင်ဖျားကလေး စိမ်းထားပြီး
ကိုယ့်ကိုယ်ကို အားတင်းနေရ
မြေထဲသိမ်းထားတဲ့ အဆွေးများက
ထွေးထွေးနီ။
ခုတော့ နွေဦးရောက်လာခဲ့ပေါ့
ပြန်တွေ့ရင် ရင်ခွဲပြလိုက်တော့မှ
မျက်ရည်တွေ
ထွေထွေကျသွားစေရမယ်။
ယောဟန်အောင်
မတ် ၁၅၊ ၂၀၀၈။
6 comments:
ပြန်တွေ့ ချင်နေသူတစ်ယောက်ယောက်ရှိနေတယ်လား။
ပြန်မတွေ့ နိုင်လို့ မျက်ရည်တွေတွင်တွင်စီးနေရာက ကဗျာတွေလည်းဖြစ်ခဲ့ရပေါ့။
လာအားပေးပါတယ်ရှင်။
ဘယ် မျက်ရည်ကျလိမ့်မတုန်း။ ဘေးနားမှာ ဆားပုံထားလိုက်မှာပေါ့။ အိမ်ရှင်မက ဒီလောက်တော့ သိတာပေါ့ .. တဲ့။
သြော်..ပြောဖို့ မေ့သွားလို့ ။ အိမ်မှာတော့အမျိုးသားက ကြက်သွန်အနီကောအဖြူကော
အစိမ်းလိုက်ကိုက်ကိုက်စားတယ်။ ဟင်းလည်းသူ့ စိတ်ကြိုက်သူချက်စားတာလေ။ ငံ
ပြာရည်ပုလင်းအကောင်းစားတွေတော့မီးဖိုထဲမှာအများကြီးသူဝယ်ထားတယ်။ ဆားတော့
ပုံရလောက်အောင်တောင်မရှိလောက်ဖူး။ ဒီနေ့ ဈေးသွားရင်ဆားဝယ်ခဲ့ဦးမှပါ။
အြကြောင်းအရာ ရိုးရိုးလေးကို ကဗျာဖွဲ့ထားတာ လှတယ်ဗျာ။
အဲဒါပေါ့ ယောဟန်အောင်ဆိုတာ...
အင်း တို့များကတော့ ဆားပုံလည်း မရပါဘူး.. ကျတာပဲ.. မျက်ရည်လွယ်တယ်ထင်ပါ့..ဟဟ.. ။ ဟိုမတော့ ဘလိုနေမယ် မသိ..။ ဒါမဲ့ အဲလိုအချိန်ချော့ရတာက အမိုက်စားဗျ..။
နောက်ထပ်တခါ လာပြန်လည်ပြီး မျက်ရည် ထပ်ကျတာပါ။ ပထမ တခေါက်တုန်းကတော့ ကမန်းကတန်းနဲ့မို့ မျက်ရည်စို့ရုံလေးစို့ခဲ့ရတယ်။ စိမ်းထားခဲ့တဲ့ အပင်ဖျားလေးကိုပဲ အားကျပါတယ်။
Post a Comment