Pages

Saturday, February 16, 2008

ကျနော့်ဘလော့ နှစ်ပတ်လည်နဲ့ လန်ဒန်က ကဗျာ ဆန္ဒပြပွဲ

ဘလော့မိတ်ဆွေများခင်ဗျာ..

ဒီနေ့ ကျနော် ဘလော့ခြင်း (မနေနိုင်လို့ ဟိုရေး သည်ရေး လုပ်နေခြင်း) တနှစ်ပြည့်ပါတယ်။ အခါလည်သားလေးပေါ့ ခင်ဗျာ။ အဲသည်တော့ ဘာလုပ်ရရင် ကောင်းမှာလဲလို့ စဉ်းစားနေပါတယ်။

ရေးထားတဲ့ ဟိုဟို သည်သည် ကဗျာ ၂-ပုဒ်ကလည်း မကြိုက်လှသေးလို့ မတင်ချင်ပါဘူး။
ဖဒိုမန်းရှာ ကျဆုံးသွားတဲ့ အမှတ်ရ “ဖဒိုမန်းရှာနဲ့ ကျနော်” ဆိုပြီး ကိုယ်တွေ့မှတ်တမ်းလေး ရေးနေတာလည်း သိပ်စိတ်မတွေ့ လှသေးပါ။ ဒါပေမယ့်လည်း သူ့အတွက် ကျနော်ဦးညွှတ်လိုက်ပါတယ်။ ကျနော်တို့ အားလုံးအတွက် ဆုံးရှုံးမှုပါ။ နောက်မှပဲ ဖဒိုမန်းရှာနဲ့ ပတ်သက်လို့ ကျနော့်ရေးထားတာကလေးကို တင်ပေးပါတော့မယ်။

နောက်ဆုံးတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ယူကေဌာနခွဲ) က မိတ်ဆွေတဦးက လန်ဒန်မြန်မာသံရုံးရှေ့မှာ သူတို့ အခြားသူများ ကဗျာဆရာများနဲ့ ပူးပေါင်းပြီး “Poetry protest” လုပ်တဲ့ အကြောင်း အီး-မေးလ် ပို့လာပါတယ်။ အဲသည်မှာ ကိုစောဝေရဲ့ ဖေဖေါ်ဝါရီ (၁၄) ကဗျာကိုလည်း အင်္ဂလိပ်လို ရအောင် ခက်ခက်ခဲခဲ ပြန်ထားတာကို ပူးတွဲမေးလ်ပို့လာတာကို တွေ့ရပါတယ်။ နောက်ဆုံး ဒီနေ့ ဒီကဗျာလေးပဲ တင်ပေးလိုက်တော့မယ် ဆုံးဖြတ်ပါတော့တယ်။

ကျနော်တို့လည်း ဘယ်လောက်အထိ ဆက်ဘလော့ဖြစ်ကြမယ်တော့ မသိပါဘူး။ မိတ်ဆွေ ဘလော့ဂါတွေလည်း ရခဲ့ပါတယ်။ အသိုင်းအ၀ိုင်းအသစ်တခု အနေနဲ့လည်း စိတ်တွေလှုပ်ရှားခဲ့ရပါတယ်။ စိတ်မကုန် သရွေ့၊ အချိန်ရသရွေ့တော့ ရေးဖြစ်နေဦး မယ်တော့ ထင်ပါတယ်။

ယောဟန်အောင်

FEB 14

As some famous Soviet writer and dissident explained:
Holes in the ground absorb the pains of the pained,
Powerful as a Naypyitaw liquor which gets us pissed
Maddening our brainwaves with a carbon monoxide mist.
Senior citizens in love with starlets and supermodels
Generally are more broken-hearted and troubled
Than the one who's in love with the many, young and
old,
Swaying and laughing and clapping with hands of
gold.

(This poem is coded to spell out ASSHOLE POWER MAD
SENIOR GENERAL THAN SWAY- Shwe in Burmese language)




Notes:
1) The Russian writer referred to is Ilya Ehrenberg whose novel THE FALL OF PARIS was translated into Burmese by Mya Than Tint.
2) Naypyitaw is the artificially created capital deep in the interior where Than Shwe hides out.
3) I interpret the old man in the poem to be Than Shwe himself, a 74-year-old who probably has his pick of glamourous Burmese women.
4) My final two lines present an image of a Buddhist monk whose love is much more universal and real and humane than that of the demoralised and dying old general.

3 comments:

kay said...

တနှစ်ပြည့် ဘလော့ ရေးခြင်း အတွက်.. နှုတ်ခွန်းဆက် ဂုဏ်ပြုပါတယ်။ ဘလော့ ရေးခြင်း ရဲ့ ရလဒ် တွေ ပိုမို တိုးတက် ပြောင်းလဲ လာ မဲ့ အချိန် တချိန် ထိ..ဆက်လက် ရေးသား တင်ဆက် နိုင်ပါစေ။

ခင်မင်စွာဖြင့်-

ATN said...

ဟက်ပီးဘတ်ဒေးလို.ပြောရမှာလား- မသိဘူး။ ဘာပဲဖြစ်ဖြစ် ချမ်းမြေ့ပါစေဗျာ။ ဘလော့အတွက်ရော ဘလော့ဂိုပိုးအက်အတွက်ပါ နှစ်တရာတိုင်ပါစေလို. ဆုမွန်ကောင်းပေးပို.လိုက်ပါတယ်။

Kaung Kin Ko said...

ကိုစောဝေ style ကို သုံးပြီး ရေးထားတဲ့ အင်္ဂလိပ် ကဗျာလေး ဖတ်သွားတယ်ဗျာ။

Recent Comments