Pages

Monday, February 4, 2008

ဇင်တရားတော်နှင့် ဘလော့စီမံရေးသား မွေ့လျော်ခြင်း အနုပညာ

ငါက ဘာသာပြန်တာတွေ မှားလွန်းလို့
ဘာသာမပြန်ဘဲ ဒီအတိုင်းဖတ်တော့တယ်
ပစ္စုပ္ပန်မှာပဲ နေထိုင်တယ်
သီချင်းတွေ နားထောင်တယ်
ဘလော့ဂါ ဖြစ်တာကို ဘ၀င်မြင့်စရာမလို
အွန်လိုင်း ထီပေါက်တာလည်း ဘယ်သူမဆို ဖြစ်နိုင်တာပဲ။

လူပျောက်ကြော်ငြာ မထည့်ပါနဲ့။
ဘလော့ပေါ်မှာ ဘာမဆိုဖြစ်တယ်
ဇာတ်လိုက်တယောက်ဟာ အကြိမ်ကြိမ် အရေခွံလည်းနိုင်သလို
လူကြမ်းဟာလည်း အကြိမ်ကြိမ် ထိုးခံရ လဲကျနိုင်တယ်။

မှော်ကျင်းထဲက မျောလာတဲ့ စကားလုံးတွေကို ဆယ်ယူလိုက်
ရင်ထဲ ခဏခံစားလိုက်ပါ
ပြီးတော့ ပြန်မျောချလိုက်တာကောင်းတယ်။
အသေ ဆုပ်မထားတော့ဘူး။

ကိုယ့်ကို နားမလည်ရင်လည်း နားမလည်တဲ့အတိုင်း ထားလိုက်
ကိုယ်က နားမလည်ရင်လည်း
နားမလည်တဲ့အတိုင်း ထားလိုက်။

ဒါဟာ ဂုဏ်ယူဖွယ် သမိုင်းရေးနေတာ မဟုတ်သလို
နောင်တရစရာ အတိတ်လည်း မဟုတ်ပေဘူး။

ငါ့ကိုယ်ငါ သစ်တောလို အမြဲစိမ်းထားခဲ့တယ်
ငှက်တကောင် လာနားမှာပေါ့။

ငါ့ကိုယ်ငါ သမုဒ္ဒရာကြီးလို ပြာထားပေးခဲ့တယ်။
လှိုင်းထလောက်အောင် လေလာမှာပေါ့။

ငါ့ကိုယ်ငါ တိမ်တွေလို လွှင့်ထားပေးခဲ့တယ်။
စွန်ကလေးတခု ငြိကောင်းရဲ့။

ငါ့ကိုယ်ငါ ရေတွင်းအိုလေးတခုလို
ချိုအေးထားပေးခဲ့တယ်။
တယောက်ယောက်ကတော့ “နှင်းရေ” လို့ လာအော်လိမ့်မယ်။

ငါဖုန်းကို “အွန်”ထားခဲ့တယ်။
ဂျီ-တော့ခ်ကို စိမ်းထားခဲ့တယ်။
ငါ စိတ်ကို ဖွင့်ထားခဲ့တယ်။
ငါ့ အခန်းကို ရှင်းထားခဲ့တယ်
ဘာလုပ်ဖို့ ကျန်ပါသေးသလဲ။

ငါက ပျော်ရွှင်ဖို့ အသင့်ဖြစ်နေသလို
ငါက ငိုကြွေးလိုက်ဖို့လည်း အသင့်ဖြစ်နေခဲ့တယ်။

ယောဟန်အောင်
၎ ဖေဖေါ်ဝါရီ ၂၀၀၈

8 comments:

min chit chit said...

so good. i like your poem

Saung Yune La (aka) Way said...

ငါ့ကိုယ်ငါ သစ်တောလို အမြဲစိမ်းထားခဲ့တယ်
ငှက်တကောင် လာနားမှာပေါ့။

ငါ့ကိုယ်ငါ သမုဒ္ဒရာကြီးလို ပြာထားပေးခဲ့တယ်။
လှိုင်းထလောက်အောင် လေလာမှာပေါ့။

ငါ့ကိုယ်ငါ တိမ်တွေလို လွှင့်ထားပေးခဲ့တယ်။
စွန်ကလေးတခု ငြိကောင်းရဲ့။

ငါ့ကိုယ်ငါ ရေတွင်းအိုလေးတခုလို
ချိုအေးထားပေးခဲ့တယ်။
တယောက်ယောက်ကတော့ “နှင်းရေ” လို့ လာအော်လိမ့်မယ်။
တင်စားချက်လေးတွေကပြောင်မြောက်တယ်ဗျာ..ကဗျာ
ရဲ့ပထမဆုံးအပိုဒ်ကကျနော့်ကိုတော်တော်လေးအတွေး
ပွားစေခဲ့တယ်ဗျာ...ဇင်တရားတော်နဲ့အညီ..ကြိုက်တယ်ကိုယောဟန်ရေ...

Yan said...

အသိစိတ်ထဲမှာ လက်ခနဲ ဖြစ်သွားတယ်.

သိပ်ကောင်းတယ်. ကိုယောဟန်အောင်.

ကိုယ့်ကို နားမလည်ရင်လည်း နားမလည်တဲ့အတိုင်း ထားလိုက်
ကိုယ်က နားမလည်ရင်လည်း နားမလည်တဲ့အတိုင်း ထားလိုက်။

ဒါဟာ ဂုဏ်ယူဖွယ် သမိုင်းရေးနေတာ မဟုတ်သလို
နောင်တရစရာ အတိတ်လည်း မဟုတ်ပေဘူး။

ကျေးဇူးဗျာ. လုံးဝ ကျေးဇူးတင်တယ်...

ခင်မင်လေးစားလျက်

ရန်အောင်

Pinkgold said...

အရမ်းကောင်းတဲ့ ကဗျာလေးပါ အကိုရေ
reader မှာ ဖတ်တာ အားမရလို့ ဘလောဂ့်ထိ လာဖတ်ပြီး comment ရေးသွားတယ်နော်

Eduking said...

ကဗျာကိုအရမ်းကြိုက်တယ် ဘရားသားရေ..
ကျွန်တော့်အတွက်တော့
မှတ်သားစရာတွေအပြည့်ပဲ

Nyein Chan Aung said...

ကိုယ့်ကို နားမလည်ရင်လည်း နားမလည်တဲ့အတိုင်း ထားလိုက်
ကိုယ်က နားမလည်ရင်လည်း နားမလည်တဲ့အတိုင်း ထားလိုက်။

ဒါဟာ ဂုဏ်ယူဖွယ် သမိုင်းရေးနေတာ မဟုတ်သလို
နောင်တရစရာ အတိတ်လည်း မဟုတ်ပေဘူး။

ငါ့ကိုယ်ငါ သစ်တောလို အမြဲစိမ်းထားခဲ့တယ်
ငှက်တကောင် လာနားမှာပေါ့။

ငါ့ကိုယ်ငါ သမုဒ္ဒရာကြီးလို ပြာထားပေးခဲ့တယ်။
လှိုင်းထလောက်အောင် လေလာမှာပေါ့။

ငါ့ကိုယ်ငါ တိမ်တွေလို လွှင့်ထားပေးခဲ့တယ်။
စွန်ကလေးတခု ငြိကောင်းရဲ့။

ငါ့ကိုယ်ငါ ရေတွင်းအိုလေးတခုလို
ချိုအေးထားပေးခဲ့တယ်။
တယောက်ယောက်ကတော့ “နှင်းရေ” လို့ လာအော်လိမ့်မယ်။

ငါဖုန်းကို “အွန်”ထားခဲ့တယ်။
ဂျီ-တော့ခ်ကို စိမ်းထားခဲ့တယ်။
ငါ စိတ်ကို ဖွင့်ထားခဲ့တယ်။
ငါ့ အခန်းကို ရှင်းထားခဲ့တယ်
ဘာလုပ်ဖို့ ကျန်ပါသေးသလဲ။

ငါက ပျော်ရွှင်ဖို့ အသင့်ဖြစ်နေသလို
ငါက ငိုကြွေးလိုက်ဖို့လည်း အသင့်ဖြစ်နေခဲ့တယ်။

ဟားဟား ကဗျာ အရမ်းမိုက်တယ်ဗျာ..။

ကောင်းကင်ကို said...

ကဗျာလေး ခံစားသွားတယ် အစ်ကို။

Aung Tha Nge said...

ကျနော် လာမလည်ဖြစ်ဘူး နှစ်ရက် သုံးရက်။ ဟော... ကျနော်လည်း ပြန်လာလည်ရော မျဉ်းဖြောင့် တကြောင်း ပေါ်မှာ ကဗျာဆရာက ထိုင်လို. ...။ ကျနော့်ကို ငိုအောင်၊ ရယ်အောင် သူပဲ လုပ်နိုင်တော့တယ်။ ကျနော့် အခန်းကိုတော့ ခုထိ မရှင်းနိုင်သေးဘူး ဆရာယော။ ဒါပေမယ့် ဆရာယော အတွက်တော့ ကျနော့် ဂျီ-တော့ခ်ကို စိမ်းထားခဲ့တာပေါ့။

Recent Comments