Pages

Sunday, February 3, 2008

တေးဆိုပွဲ

ဒီကဗျာ ရေးထားတာတောင် ကိုယ့်ဘာသာ မမှတ်မိတော့ဘူး။ ဒေါင်းအိုးဝေမှာ ဖော်ပြဖူးတယ်တော့ ထင်တယ်။ အခု ကိုသိုက်မန် ဘလော့ကနေ ပြန်တွေ့ရလို့ ပြန်တင်ပေးလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ် ကို သိုက်မန်။


တေးဆိုပွဲ

မြေမီးဖိုမှာ
တေးသံဆိုသီ
ရေနွေးငွေ့တို့
ပွက်လှုပ်ခါပြီ။

ညအမှောင်ရယ်
တောင်ခိုးတွေရယ်
တောင်ကျရေလို
တ၀ုန်းဝုန်းပြိုဆင်း
ရွာကလေးရဲ့
မပျင်းမရိ ညတေးချင်းကိုဆိုပေါ့။

တောင်ယာခင်းလို
ပြောင်းရွေ့ နေတတ်တဲ့ရွာနဲ့
ပြောင်းရွေ့နေတတ်သူတွေ
ဓမ္မတေးချင်းသီဖို့
စုဆုံပြီလေ။

ကြပ်ခိုးမှောင်မည်း
မင်သေ့တဲကလေးထဲက
လဲပြို တောင်းပလိုင်းများနဲ့
လဲပြိုနေတဲ့ သင်တိုင်းဘေး
ဝိုင်းဖွဲ့ စုပြုံ
မျက်လုံးအစုံက
ယုံကြည်ချက်ကို ပြရဲ့။

အရိုးပြိုင်းပြိုင်း
ထင်းသစ်ကိုင်းတွေ
အရိုင်းကောင်လိုတောက်လောင်
အမှောင်ထဲဖောက်
ကျောက်ဆစ်ရုပ်သွင်တွေ
နီကျင်သက်ဝင်လာကြတယ်။

တေးတပုဒ်ဆိုစဉ်
ခွဲခွာရသူ မိခင်တို့
ပူပင်လွင့်ဖိတ် အငိုတိတ်ခဲ့။

တေးတပုဒ်ဆိုစဉ်
ပျောက်ရှသွားသူတို့
အသက်ရှင်ပြန် ထလာခဲ့။

တေးတပုဒ်ဆိုစဉ်
မုန်တိုင်းကင်းစင်
ကောင်းကင်ဝင်းပ
သီးနှံတွေ ဖူးသီးကြရဲ့
သားကောင်တွေမြူးကြရဲ့
ငတ်မွတ်သူလည်း
လူးလဲနိုးထ အားအင်ပြည့်ဝခဲ့။

တေးတပုဒ်ဆိုစဉ်
စစ်ပြင်နေသူ ရန်သူတွေလည်း
နောက်ကိုရှဲခဲ့
စစ်ပွဲတွေလည်း မရှိဘူးတဲ့။

“မျက်ရည်စိုလျက်
စပါးကိုပျိုး ရသူတို့
ပျော်ရွှင်နိုးထ
သိမ်းရိတ်ရစေသော်ဝ်”
အာမင်....

ယောဟန်အောင်

4 comments:

ATN said...

ဒေါင်းအိုးဝေမှာ ဖော်ပြခဲ့တဲ့ကဗျာပါ ကိုယော၊ နှစ်တော့ ကျနော်လည်း အသေအချာမမှတ်မိတော့ပါ၊ မှတ်မိနေတာက `မျက်ရည်စိုလျက် စပါးကိုပျိုးရသူတို. ပျော်ရွှင်နိုးထ သိမ်းရိတ်ရစေသော်ဝ်` ဆိုတဲ့ အပိုဒ်ကလေးကို ကျနော်ကြိုက်လွန်းလို.ပါ။

ဆောင်းယွန်းလ said...

တေးတပုဒ်ဆိုစဉ်
ခွဲခွာရသူ မိခင်တို့
ပူပင်လွင့်ဖိတ် အငိုတိတ်ခဲ့။

တေးတပုဒ်ဆိုစဉ်
ပျောက်ရှသွားသူတို့
အသက်ရှင်ပြန် ထလာခဲ့။

တေးတပုဒ်ဆိုစဉ်
မုန်တိုင်းကင်းစင်
ကောင်းကင်ဝင်းပ
သီးနှံတွေ ဖူးသီးကြရဲ့
သားကောင်တွေမြူးကြရဲ့
ငတ်မွတ်သူလည်း
လူးလဲနိုးထ အားအင်ပြည့်ဝခဲ့။

တေးတပုဒ်ဆိုစဉ်
စစ်ပြင်နေသူ ရန်သူတွေလည်း
နောက်ကိုရှဲခဲ့
စစ်ပွဲတွေလည်း မရှိဘူးတဲ့။

“မျက်ရည်စိုလျက်
စပါးကိုပျိုး ရသူတို့
ပျော်ရွှင်နိုးထ
သိမ်းရိတ်ရစေသော်ဝ်”
အာမင်....
ဓမ္မတေးဆိုနေတဲ့ကျေးလက်ကပြည်သူတွေကိုမျက်
စိထဲမှာတွေ့နေရသလိုမျိုးခံစားရတယ်ကိုယောရေ..
အောက်ဆုံးအပိုဒ်လေးကိုအကြိုက်ဆုံးပါဘဲ..ကိုယော
ရဲ့ကဗျာအတော်များများကိုဒေါင်းအိုးဝေမှာဖတ်ဖူးခဲ့
ပေမယ့်ဒီကဗျာကိုတခါမှမဖတ်ခဲ့ရဖူးဘူးဗျ

pandora said...

ခဏဖြစ်ဖြစ် စိတ်ကူးထဲမှာ အေးသွားတယ်
ဒီလိုကဗျာမျိုးပဲ ဖတ်နေရရင် ကောင်းမယ်

Kaung Kin Ko said...

ဓမ္မတေးဆိုနေတဲ့ မြင်ကွင်လေးကို စကားလုံး အားကောင်းကောင်း နိမိတ်ပုံ အားကောင်းကောင်းနဲ့ ဖွဲ့ ထားတာ အရမ်းလှတယ်ဗျာ။

မျက်လုံးအစုံက
ယုံကြည်ချက်ကို ပြရဲ့။

အရိုးပြိုင်းပြိုင်း
ထင်းသစ်ကိုင်းတွေ
အရိုင်းကောင်လိုတောက်လောင်
အမှောင်ထဲဖောက်
ကျောက်ဆစ်ရုပ်သွင်တွေ
နီကျင်သက်ဝင်လာကြတယ်။

အဲဒီ့ အပိုဒ်ကိုတော့ အကြိုက်ဆုံးပဲဗျာ။

Recent Comments