မိုင် ကျလင်ပူရ (Mai Charoenpura) ဟာလည်း ထိုင်းနိုင်ငံမှာ အမျိုးသမီးအဆိုတော်တွေထဲမှာ နာမည်ကြီးသူ ဖြစ်ပါတယ်။ သူ့သီချင်းကောင်းတွေလည်း အများကြီးပါပဲ။ ကျနော်က အမျိုးသားသီချင်းတွေပဲ တင်တာများနေတယ်။ အခု Gender Balance ပေါ့ဗျာ။ သူ့ ဒီသီချင်းလေးလည်း ကျနော်ကြိုက်တယ်။ သတ္တ (Sutta) လို့ အမည်ရပါတယ်။ မြန်မာလိုတော့ “ယုံကြည်ချက်” ပါ။
ထိုင်းစကားဟာလည်း သင်္သကရိုက်ဘာသာက ဆင်းသက်လာတော့ တူတာ မနည်းလှဘူး။ သူတို့ဆီမှာ ကျေးဇူးပြု၍ဆိုရင် (ကရုဏာ)၊ အတိတ်ကို (အာဒစ်)၊ ပစ္စုပ္ပန်ကို (ပတ်ကျူပန်)၊ အနာဂတ်ကို (အနာခွတ်) စသဖြင့် အများကြီးပါပဲ။
ဒီသီချင်းထဲမှာတော့“ကြယ်တွေ အလင်းရောင်ရှိလို့ လမ်းမပျောက်ဖူး.... နောက်ထပ်ကြယ်အသစ်တလုံး မွေးဖွားဖို့ကို စောင့် နေကြတယ်” ဆိုတဲ့ စာသားကလေးကို သဘောကျတယ်။
ယော
ေယာ
No comments:
Post a Comment