Pages

Wednesday, January 30, 2008

အယူသည်းသူ

စွန့်စားချင်မှတော့
ခြေထောက်နှစ်ဖက် ကြိုးချည်
အဒရီနယ်လင်း ကျွအောင်
အမြင့်က စုံခုန်ချမှပေါ့။
ငါ မပြိုင်ချင်ပါဘူး
ငါ မရှုံးချင်ပါဘူး
အခုကိစ္စကတော့
အိမ်အပြင် ခဏထွက်
ကော်ဖီတခွက် သောက်ချင်တာပါ။

ဒါပေမယ့်
ဘဝဟာ ဘာလုပ်လုပ်
ပင်ပန်းလှချည့်
အဆင်မပြေပြန်ဖူး။

နဂါးခေါင်း ဘယ်ကိုလှည့်မှာလဲ
ဒီနေ့က ပြဿဒါးလား
နှင်းထဲ အအေးထဲ တိုးပြီး
ကော်ဖီသွားဝယ်ရပြန်ပေါ့။

လမ်းတရိုးမှာ
ဖိနပ်ကြိုးက ခဏခဏပြေတယ်။

မီးပွိုင့်တွေက
ငါရောက်လာပြီဆိုမှ အနီပြီး အနီ။

သီချင်းဖွင့်တော့လည်း
ကားရေဒီယိုက
ဖုံမှုန့်နဲ့ အတူ အံကျလာ
အလွမ်းနာသည်းတဲ့တေး
အဆွေး ကန်ထရီ (country)။

ကော်ဖီဆိုင်ရောက်တော့
လူတန်းကရှည်
ကော်ဖီ ဖျော်ရောင်းနေတဲ့လူက
လူမှုရေး မသိပြန်ဘူး
အငေါ်တူးတူးနဲ့ ဆက်ဆံပြန်တယ်။

အူတူတူ ဖြစ်နေတယ်၊
မနေ့က နေပါပဲ
မနေ့က နှင်းပါပဲ
မနေ့က လူပါပဲ....
ပြူတင်းမှာလည်း မနေ့ကနှင်းတွေ
ခဲနေတုန်းပဲ
လွင်ပြင်တွေလည်း ဖုန်းနေဆဲပဲ
မဆုံးနိုင်ပဲ
တသွားတည်းသွားနေတဲ့
ကျေးလက်လမ်းပေါ်က ကားတွေလည်း
သူနဲ့ဝေးတဲ့...
ဒီနေ့ကျမှ ရှည်ရှည်လျားလျား။

ဘာမှလည်း မကျန်တော့ပါဘူး
ကျမ်းရိုး အကျပ်အတည်း (classic dilemma) တခုရယ်
လည်ပင်းနင်နေတဲ့ ကော်ဖီအရိုးရယ်
ပါးစပ်က မှုတ်ထုတ်လိုက်ရင်တောင်
အခိုးထနေသေးတဲ့ ပုံပြင်
ကဗျာ ပီပီပြင်ပြင် မဟုတ်တဲ့
အမှတ်အတေး ဟိုရေး သည်ရေးလောက်ပေါ့။

ကျနော့ရင်ပတ် စူးပြီးအောင့်လို့
နေဆိုးတယ်။
တယောက်ယောက်တော့
နံ့သာဖယောင်းတွေ မန်းမှုတ်
အရုပ်ကလေးတခုကို
အပ်နဲ့ အကြိမ်ကြိမ် ထိုးနေတယ် ထင်တာပဲ။

ယောဟန်အောင်
၂၉ ဇန် ၂၀၀၈။

4 comments:

Kaung Kin Ko said...

ကဗျာလေးခံစားသါားတယ် အစ်ကို။ ခေါင်းစဉ်နဲ့  နိဂုံး အပိုဒ်ကလေးက လိုက်ဖက်တယ်။

Nyein Chan Aung said...

ဘာမှလည်း မကျန်တော့ပါဘူး
ကျမ်းရိုး အကျပ်အတည်း (classic dilemma) တခုရယ်
လည်ပင်းနင်နေတဲ့ ကော်ဖီအရိုးရယ်
ပါးစပ်က မှုတ်ထုတ်လိုက်ရင်တောင်
အခိုးထနေသေးတဲ့ ပုံပြင်
ကဗျာ ပီပီပြင်ပြင် မဟုတ်တဲ့
အမှတ် အတေး ဟိုရေး သည်ရေးလောက်ပေါ့။

ကဗျာအရမ်းကောင်းတယ်။ တစ်ပုဒ်ဆို ဆိုသလောက်လောက်ပါပဲ ကိုယောဟန်အောင်။

ဆောင်းယွန်းလ said...

လမ်းတရိုးမှာ
ဖိနပ်ကြိုးက ခဏခဏပြေတယ်။

မီးပွိုင့်တွေက
ငါရောက်လာပြီဆိုမှ အနီပြီး အနီ။

သီချင်းဖွင့်တော့လည်း
ကားရေဒီယိုက
ဖုံမှုန့်နဲ့ အတူ အံကျလာ
အလွမ်းနာသည်းတဲ့တေး
အဆွေး ကန်ထရီ။

ကော်ဖီဆိုင်ရောက်တော့
လူတန်းကရှည်
ကော်ဖီ ဖျော်ရောင်းနေတဲ့လူက
လူမှုရေး မသိပြန်ဘူး
အငေါ်တူးတူးနဲ့ ဆက်ဆံပြန်တယ်။
အယူသည်းသူရဲ့နေ့ရက်တွေကိုကွက်ကွက်ကွင်းကွင်းမြင်
အောင်လာကြည့်သွားပါတယ် ကိုယောရေ..ဖတ်လို့အင်
မတန်ကောင်းလို့ဒုတိယတကြိမ်ဖတ်ပြီးမှ ကွန်မန့်ပေးခဲ့
တာပါ.......

ကိုတိုးကြီး said...

ကျတော်လာဖတ်ကူးယူသွားခဲ့ပါတယ်
ကဗျာ ကောင်းကောင်းလေးတွေ ရေးနိုင်ပါစေဗှာ

Recent Comments