Pages

Saturday, January 5, 2008

စီဘောက်ထဲမှာ ညီလေးအော်သွားတဲ့စာ

ကျနော့ C-box ထဲမှာ ကိုညီလေးက အရှည်ကြီးရေးသွားတယ်။ သူက တော်တော်ပြောချင်နေတဲ့ပုံလည်း ရတယ်။ သူတင်ပြချက်တွေကလည်း စိတ်ဝင်စားစရာကောင်းတယ်။ ဒီအတွက်ကြောင့် ကျနော့်ဘလော့မှာ ပြန်ဖော်ပြပေးလိုက်ပါ တယ်။ ကိုညီလေးကိုလည်း အခုလို ဆွေးနွေးလာတာ ကျေးဇူးတင်ပါတယ်။

ယောဟန်အောင်

....... ......... .........

ညီလေးရဲ့စာကို လက်ဆင့်ကမ်းပေးဖို့ ဆောင်းပါးအဖြစ်နဲ့ ဆိုက်မှာတင်ပေးဖို့မျှော်လင့်ပါတယ်။

အားလုံး လွတ်လပ်ဖို့အတွက် နယ်ချဲ့လက်အောက်မှာတုန်းက တက္ကလိုလ်ကျောင်းသားတွေကဦးဆောင်ခဲ့ကြတယ် ၁၉၆၂ အာဏာ မတရားအသိမ်းခံ ရတော့လည်း တက္ကလိုလ် ကျောင်းသားတွေကပဲ ဦးဆောင် ဆန့်ကျင်ခဲ့ကြတယ်။ (ဒီနောက် တက္ကသိုလ်ပညာရေးကို ဖျက်ဆီးခဲ့ကြတယ်) ၁၉၈၈ မှာတော့ စက်မှုတက္ကသိုလ်က ဦးဆောင်ခဲ့တယ်။ (စက်မှုတက္ကသိုလ် ပညာရေးကို ဖျက်ဆီးခဲ့ကြပြန်တယ်)။ ပြီးခဲ့တဲ့ စက်တင်ဘာမှာကြတော့ ခေတ်ပညာတတ် ရဟန်းသံဃာတွေနဲ့ လူငယ် အိုင်တီပညာရှင်တွေ ဦးဆောင်ခဲ့ကြပါတယ်။သုံးသပ်ရရင် မတရားဖိနှိပ်မှုကို ခေတ်ပညာတတ် လူငယ်တွေကပဲ ရဲရဲရင့်ရင့် ဖော်ထုတ်ဖွင့်ချ ခဲ့ကြတာချည်းပါပဲ။ နုနယ်ပျိုမျစ်တဲ့လူငယ်အားလုံးဟာ လွတ်လပ်မှု တရားမျှတမှု အတွက် သွေးသစ်တွေပါပဲ။

ပညာချို့တဲ့မှုကို အခွင်းကောင်းယူပြီး အာဏာမက်သူတွေဟာ လူငယ်တွေကို ဖြားယောင်းစည်းရုံး သေနတ်ပေးကိုင်ပြီး လူထု ကို မတရားအနိုင်ကျင့်တော့တာပါပဲ။ လူငယ်လေးတွေကိုပညာမတတ်အောင် အသိဥာဏ်ချို့တဲ့အောင် မှန်မှန်ကန်ကန် မဆုံး ဖြတ်နိုင်အောင် အဓိကထားပြီး ပိတ်ပင်နေကြပါတယ်။

  • ပညာရေးကို နိမ့်ကျအောင်ပြုလုပ်နေခြင်း (စာမေးပွဲမှာ စာခိုးချခွင့် ပြုခြင်း၊ အလိုလျှောက်တစ်နှစ် တစ်တန်းအောင် စေခြင်း)၊
  • စီးပွားရေးကို တမင်ကျပ်တည်းအောင် လုပ်ထားခြင်း(နိုင်ငံတစ်ဝှမ်း လျှပ်စစ်မီး အလုံအလောက်မပေးခြင်း၊ တမင် တကာ ကားဈေးများကြီးအောင်လုပ်ထားခြင်း)၊
  • အသိပညာဖြစ်စေသောအခြားနည်းများကို ပိတ်ဆို့ထားခြင်း (အပျော်အပါးသက်သက် အနှစ်မရှိသောဗီဒီယို ရုပ်ရှင် များကိုသာ ခွင့်ပြုခြင်း၊ တယ်လီဖုံးများကို တမင်ဈေးကြီးထားခြင်း၊ကွန်ပျူတာနှင့်အင်တာနက် နည်းပညာများကို လူတိုင်းမတတ်အောင် တားဆီးထားခြင်း)၊
  • လိင်ကိစ္စများတွင်သာ အာရုံရောက်နေစေခြင်း(ကာရာအိုကေ မာဆက်နဲ့ ဘိများ မြို့ရော တောပါ အလျှင်အမြန် ပွထ လာခြင်း၊ အပြာကားများအလွယ်တကူဝယ်ရနေစေခြင်း၊ အရက်ဆိုင်များ လက်ညှိုးထိုးမလွဲဖွင့်ထားခြင်း) စတာတွေ ဟာ အသိမပြည့်စုံတဲ့လူငယ်တွေကို မွေးထုတ်နေသလိုဖြစ်စေပြီး အာဏာရူးတွေက အဲဒီလူငယ်တွေကို အလွယ်တကူ ပဲ သေနတ်လက်ထဲထည့်ပြီး တိုင်းပြည်ကို မတရားခွစီးနေတော့တာပါပဲ။ ခေတ်ပညာ တတ်ကျွမ်းမှုကသာ အာဏာရှင် တွေရဲ့လုပ်ရပ်ကို ထင်ရှားမြင်နိုင်မှာပါ။ ဥပမာပြောရမယ်ဆိုရင်၁၉၈၈ နောက်ပိုင်း ရထားလမ်းတွေတော်တော် များ များ အသစ်ဖောက်ခဲ့ပါတယ်။အဲဒါကိုပဲ အာဏာရူးတွေက တိုင်းပြည်တည်ဆောက်တယ်ဆိုပြီး လက်ညှိုးထိုး ဂုဏ်ယူ နေကြ ပါတယ်။
အမှန်က ကမ္ဘာမှာ ရထားလမ်းအကျယ်ဟာ ၁၀ပေလောက်ရှိတဲ့အဆင့်မြင့်တဲ့နည်းပညာကိုသုံးနေပါပြီ။ အခု ဒီမှာရှိတဲ့ ၃ပေကျော်ကျော်ကျယ်တဲ့ ခေတ်ဟောင်းနည်း ရထားလမ်းကို ဘယ်သူကမှမသုံးကြတော့ပါဘူး၊အဲဒီအဆင့်မမှီတဲ့ ၃ပေ လမ်း ပေါ်မှာ ရထားကို ဘယ်လောက်မြန်မြန်နဲ့ မောင်းလို့ရမှာတုန်း၊ အဲဒီတော့ရထားလမ်းကို တိုးချဲ့လေလေ တချိန်မှာ ပြန်ပြင်ရ ဘို့ပိုများလေလေနောင်ပိုဒုက္ခရောက်အောင်လုပ်လေလေပါ၊ ဒီအချက်ကို လူတိုင်းအလွယ်တကူမမြင်နိုင်ပါဘူး။ ခေတ်မီပြီး ပညာတတ်မှသိနိုင်မှာပါ။ကျွန်းပင်ကြီးတစ်ပင်ရောင်းရတဲ့ပိုက်ဆံ၊ မြေကြီးထဲကပတ္တမြားကြီးတစ်လုံး ရောင်းရတဲ့ ပိုက်ဆံ၊ ဓါတ်ငွေ့တွေရောင်းရတဲ့ပိုက်ဆံ၊ ပင်လယ်ထဲက ငါးတွေ ပုဇွန်တွေတွေရောင်း ရတဲ့ပိုက်ဆံ ဒါတွေဟာ အာဏာရူး အစိုးရနဲ့ သူတို့ကန်ထရိုက်ချပေးတဲ့ ကုမ္ပဏီနဲ့ပဲဆိုင်တယ်လို့ ထင်နေကြပါတယ်။ အမှန်တော့ နိုင်ငံသားတိုင်းနဲ့ ဆိုင်ပါတယ်။ နိုင်ငံသားတိုင်းရဲ့ ရပိုင်ခွင့်တွေပါ။

ကဲ လက်တွေ့စဉ်းစားကြည့်ရအောင် . . . တောက ငါးတန်းနဲ့ကျောင်းထွက်ခဲ့တဲ့ အသက်၁၆နှစ် အရွယ် လူငယ်တစ်ရာ လောက်ကို မေးကြည့်ပါ။မင်းတို့ရဲ့ လက်ရှိအသိဥာဏ်ဟာ ကမ္ဘာကိုမမှီဘူး ပညာဆက်သင် ရမယ် ရိုးသားကြိုးစားရမယ်။ အဲဒါကို သူတို့စိတ်မ၀င်စားပါဘူး။ အများစုက စစ်ထဲဝင်မယ် ပြီးရင် သူကြောက်ခဲ့ရတဲ့ ရွာကလူတွေကသူ့ကိုပြန်ဖြုံသွားမယ် ရွာကိုရင်ကော့ပြီးပြန်နိုင်မယ် မူးပြီးရွာကလူတွေကို ထင်သလိုဆဲနိုင်တယ် ပါးတောင်ရိုက်နိုင်တယ်စစ်သားဆိုတော့ တော်ရုံ ဘယ်သူမှပြန်မလုပ်ရဲဘူး ဒါပဲတွေးနေကြမှာပါ။ အသိဥာဏ်နဲမှုရဲ့ အကျိုးဆက်က အမြင်မှားအတွေးမှား အလုပ်မှားတွေကို ဖြစ်စေပါတယ်။အခု ဗိုလ်မှူးကြီး လယ်ဘယ် နဲ့အထက်ဆို လူတစ်ထောင်မရှိပါဘူး၊ ဒါပေမယ့် အဲဒီလူတစ်ထောင်မရှိတဲ့ အာဏာရူးတွေက ၅၇ သန်းသော တိုင်းသူ ပြည်သားတွေကို မတရားဖိနှိပ် နိုင်တယ်။ပညာမတတ်တဲ့ လူငယ်တွေကို မှိုင်း တိုက် သေနတ်ကိုင်စေပြီး ခိုင်းစားနေကြလို့ ပါပဲ။အဆုံးတော့ ၀န်ထမ်းဆိုသူတွေလဲ သူခိုးတွေဖြစ်၊ ရ၀တတွေလဲ သူခိုးအား ပေး သူခိုးတွေဖြစ်၊ စစ်သား ငယ်ငယ်လေး တွေလဲ ဓမြပေါက်စဖြစ်၊ရဲတွေ လမ်းပြပုလိပ်တွေလည်း သူခိုးသူတောင်းစား တွေ ဖြစ်၊ အားလုံးဒုက္ခရောက်ကြရပါတယ်။

(အဲဒီလူငယ်လေးတွေကတော့ ငါတို့ကိုဘာထင်လို့လဲ ရိုက်ပစ်လိုက်ရ ဖမ်းပစ်လိုက်ရ ဆော်ပစ်လိုက်ရ ဆိုပြီး လူရိုင်းဘ၀ ရောက်မှန်းမသိ ရောက်ကြရတော့တာပါပဲ) ရဟန်းသံဃာတွေကို ရိုက်သတ်ရဲတဲ့ ပညာမဲ့သူတွေ၊ ပညာတတ်ပေမယ့် ဗိုလ်ကြီး ဗိုလ်မှူး ဆိုတဲ့ရာထူးမှာ မြောပြီး မတရားမှုကို လက်ပိုက်ကြည့်နေသူတွေ ဖြစ်ကုန်တော့တာပါပဲ။ အခုဒီစာကိုဖတ်နေတဲ့ အာဏာရူးတွေရဲ့ အွန်လိုင်အိုင်တီသမားတွေ ရှိနေမှာပါ။ တကယ်တော့ သူတို့ဟာ တစ်မြေထဲနေ တစ်ရေတည်းသောက ညီအစ်ကိုမောင်နှမတွေပါ။ သူတို့ကို အာဏာရူးတွေရဲ့လက်ကိုင်ဒုတ်လို့ သဘောမထားပဲ သူတို့ကို ပညာတတ်ဖြစ်အောင် အမှန်သိလာအောင် စိတ်ရှည်ရှည်နဲ့ ရှင်းပြ ပြောပြရင် သူတို့တွေ နားလည်လာပြီး အဲဒီ တစ်ထောင်မပြည့်တဲ့ အာဏာရူး တစ်သိုက်ကို သူတို့ပဲ ပြန်တာဝန်ယူသွားမှာပါ။ ကိုမိုးသီးဇွန်၊ ကိုနစ်နေမန်း၊ ကိုလွန်းဆွေ၊ ဦးဇင်း၊ ကိုရှာရှည်၊ ကိုထိုက်၊ မသဒ္ဒါ၊ မကြယ်စင် နဲ့ မျိုးချစ် ဘလောက်ကာတွေ ကိုယ်ကျိုးစွန့် အနစ်နာခံပြီးဆောင်ရွက်နေသူတွေအားလုံးကို လေးစားဂုဏ်ယူ လျှက်ပါ။ ခင်ဗျားတို့အားလုံး သတင်းဌာနတွေနဲ့ ပူးပေါင်းပြီး ဒီဗမာပြေက လူကြီးလူငယ်တွေ အမြန်အသိပညာတိုးစေတဲ့ စီစဉ်ဆောင်ရွက်ချက်တွေကို ဆောင်ရွက်ပေးကြပါ။ တိုတိုနဲ့သဘောပေါက် ထိရောက် နိုင်တဲ့ ရုပ်သံ၊ အသံ အစီစဉ်တွေကို ပြောတာပါ။ စိန်စီသောည ကိုစီစဉ်တင်ပြတဲ့သူ တွေကို မမေ့ပါ။ ဒါကို ချန်နယ်တစ်ခု သဘေားထားပြီး ဂရုပြုဆောင်ရွက် ပေးကြပါ။ အာဏာရူးတွေရဲ့ ၀ါဒဖြန့်မှိုင်းတိုင်မှုအောက်က တာဝန်းထမ်းနေကြတဲ့ ကိုယ့်ကိုယ်ကို ဘာဖြစ်လို့ဖြစ်မှန်းမသိကြတဲ့ သနားစဖွယ် ညီအစ်ကို မောင်နှမတွေကို အမြန်ကယ်တင်ကြပါ။

ညီလေးမျှော်လင့်နေပါတယ်။

ညီလေး

No comments:

Recent Comments