ရင်မှာ ဥလာလွန်းလို့သာ
ဘလော့ကျင်းထဲ အံချလိုက်ရ
ဒါဟာ ကဗျာမဆန်မှန်းတော့သိတယ်။
ဘယ်သူက ကဗျာဆန်နေလို့လဲ
ဘယ်သူကမှ လေးလုံးစပ်တွေ၊ သဒ္ဒါတွေ၊ ၀ါကျတွေ
ကရုမစိုက်ခဲ့ဘူး။
သွေးတွေနဲ့ ငြိမ်ဝပ်ပိပြားးးးရေးလို့ ရေးလိုက်တယ်
သတ်ပုံမှားတာ ကိစ္စမရှိဘူး။
ပိပြားသွားဖို့ပဲ လိုတာ။
ဆရာမင်းဝေအောင်ဟာ
ဘုန်းကြီးကားတွေ ရေးနိုင်ပါဦးတော့မလား
စုတ်ချက်ဆေးသားတွေလည်း နီထွေးနေတော့မယ်။
ဒီနိုင်ငံပေါ့
ဝမ်းနည်းကြေကွဲခြင်းတွေနဲ့
မင်သေ့နေခဲ့တယ်
အမြစ်ကို ကိုင်လှုပ်ခဲ့တာကိုး။
ယောဟန်အောင်
၎ နိုဝင်ဘာ ၂၀၀၇။
1 comment:
ဒုတိယ အပိုဒ်က စစ်ဖိနပ်အောက်မှာ ပိပြားနေရတဲ့ အဖြစ်ကို ပေါ်လွင်လေးနက်စေပြီး တတိယ အပိုဒ်ကတော့ ကြေကွဲစေပါတယ်။ “အမြစ်ကို ကိုင်လှုပ်ခဲ့တာကိုး” ဆိုတဲ့ စကားလုံးတွေ ကတော့ ရင်ကိုတုန်လှုပ်သွားစေတယ်ဗျာ။
Post a Comment