Pages

Friday, November 16, 2007

ရမ်ဘိုရဲ့ ကဗျာ

ဓါတ်ပုံ။ Lionsgate
သတင်း။ http://www.usatoday.com/life/movies/news/2007-11-14-rambo_N.htm

ရမ်ဘိုက မြန်မာပြည်ကိုဝင်ပြီးကယ်တင်တဲ့အကြောင်း ဟောလီးဝုဒ်မင်းသားစတောလုံးက ရမ်ဘို (၄) ဆိုပြီး ရိုက်ခဲ့ပါတယ်။ မကြာခင်မှာ ရုံတင်မယ် ယူဆရပါတယ်။ သူက သတင်းတပုဒ်မှာ ပြောပုံက ကဗျာဆန်လှပါတယ်။ သူက ကဗျာဆရာ မဟုတ်ပေမယ့် ကျနော်ကတော့ ကဗျာလိုခံစားလိုက်ရပါတယ်။

စစ်ဆိုတာ....


ငြိမ်းချမ်းရေးဆိုတာ

မတော်တဆ ကြုံကြိုက်မှုဖြစ်ပေလိမ့်မယ်။

စစ်မက် ပဋိပက္ခဆိုတာတော့

လူသားတွေရဲ့ သဘာဝပေပဲလား။


လူအိုတွေက စသွားခဲ့တယ်။

လူငယ်တွေက ဆက်တိုက်နေကြရရဲ့

ကြားထဲက လူတွေကတော့ သေကြရတယ်။


ဘယ်သူကမှ အမှန်တရားကို မပြောကြလေဘူး။


ယောဟန်အောင် ပြန်ဆိုသည်။

No comments:

Recent Comments