နိုင်ငံတော်
သူသစ်လိုပေမယ့်
မြို့ပျက်တွေနဲ့ ပစ်ထားခဲ့ရတယ်။
ရာမာလာမှာ ဇာတ်သိမ်းရပေါ့..
အိမ်တိုင်း ယာတိုင်း
ကိုယ့်အိမ်ကိုယ့်ရွာမှတ်ပေမယ့်
သူက ခြေသလုံးအိမ်တိုင်..
မွေဆိုင်အိမ်မြေက ဖယ်ရှားခံရ
လက်ဗလာနဲ့
ပြည်ပြေးအိက်စ်ဇိုင်း စိုင်းခဲ့ရပေါ့။
တိုင်းပြည်ရဲ့ဖခင်
ဒါပေမယ့် နိုင်ငံတော်ကိုတော့ ပေးမသွားနိုင်ဘူး။
ဖြူကျဲကျဲမုတ်ဆိတ်
ကွက်ကျား ကာဖီယာခေါင်းစည်း
စစ်ဝတ်စုံ .... တော်လှန်ရေးအိပ်မက်
အကြမ်းဖက်သမားဖြစ်ပြန်ရ
ဘ၀ပွဲကြမ်း နွှဲရသူ။
အသက်ပြင်းတဲ့သူ
လုပ်ကြံမှု (၄၀) ကျော်ခဲ့သူ
တောင်ကျော်ခဲ့သူ
မလိုမုန်းထား များတဲ့သူ
ရန်သူတွေက ကြောက်တဲ့သူ
နိုဘယ်ဆုပေးပြီးမှ မေ့ခံထားရသူ......
ပါလက်စတိုင်းတွေရဲ့
မျှော်လင့်ခြင်းကိုရော
ရှုံးနိမ့်မှုကိုပါ
ကိုယ်စားပြုခဲ့သူ။
အိပ်မက်တခုကို
တသက်လုံးမက်ခဲ့
အချို့က ဒီအိပ်မက်ကို ရူးသွပ်မှုအဖြစ်တောင်
အဓိပ္ပါယ်ဖွင့်ကြတယ်၊
သူကိုယ်တိုင်က အိပ်မက်ပြန်ဖြစ်သွားရလေသူ။
ကြေကွဲမှုထောင်သောင်းကို ကိုယ်စားပြုခဲ့သူ
နှိမ့်ချစော်ကားမှု
ကြေကွဲနေတဲ့ ဂုဏ်သိက္ခာ
သူ့လူမျိုးတွေရဲ့ ၀ိသေသလက္ခဏာ
တတိယကမ္ဘာရဲ့ တော်လှန်ရေးတရပ်လုံးကို ကိုယ်စားပြုခဲ့သူ
ဒီလိုနဲ့ မေ့ကြတော့မှာလား။
သစ္စာဖောက်ခံရ
ပြည်နှင်ခံရ
ပြည်တော်ပြန်ရ
ဒီလိုနဲ့ သူ အသက်သာဆုံးခဲ့ရ
နိုင်ငံတကာက တင်သွားတဲ့ကြွေး
သူတို့ ပြန်မရသေးသူ။
ယောဟန်အောင်
(နို ၁၂၊ ၂၀၀၄)
ပြန်ပြင် နို ၉၊ ၂၀၀၇။
မိုဟာမက် အက်ဘ်ဒယ်လ် ရာဝုဖ် အာရဖတ် အယ်လ် ကွက်ဝါ အယ်လ်-ဟူစိန် (Mohammed Abdel Raouf Arafat al-Husseini) မွေး သြဂုတ် ၄၊ ၁၉၂၉။ မွေးချင်း ၇ ဦးအနက် (၆) ဦးမြောက်။ ကွယ်လွန် နို ၁၁၊ ၂၀၀၄။ အတွက် ဂုဏ်ပြုရေးဖွဲ့ပါသည်။ အခု နိုဝင်ဘာဆိုရင် သူဆုံးတာ ၃ နှစ် ရှိတော့မယ်။
No comments:
Post a Comment