Pages

Tuesday, March 6, 2007

စတီးရွိုက်


ဂျန့်မေးလ်တွေမှာ
မကြာခဏ
"ဗီရာဂရာ"လိုသလား မေးတာခံရ။
ငါ့ကိုယ်ငါ ယုံကြည်မှုကျနေသလားတဲ့။

ငါ "စတိတ်မင့်"တွေ ဖတ်နေသားပဲ။
ရေဒီယိုအင်တာဗျူးတွေလည်း နားထောင်နေသားပဲ။
တစ်ပွဲထိုး လူချစ်ခင်နည်း
(၂၀၀၆) အတွင်း အရပ်ရှည်နည်း
ကြော်ငြာတွေလည်း အနီးအနားမှာ အများကြီး
ဘာဖြစ်လို့ စိတ်ဓါတ်ကျရမှာတဲ့တုန်း....။

အော်.... သစ်ပင်တွေများပြား ပြန့်ကားလာတဲ့အခါ
တောဟာခြောက်ခြားခဲ့...
သတင်းတွေလျှံကျ များပြားလာတဲ့အခါ
ငါဟာ မှောက်မှားခဲ့..။

အင်တာနက် ပဉ္စလက်ပေါ်ကဆင်းလာ
ခရီးဝေးကြီးက ပြန်လာရသလို ခံစားလှိုက်မော
မှော်ရုံတောပါကွယ်.... မောတယ်....မောတယ်။
သစ်ပင်နွယ်ပါးပြင်းက သူယောင်ပုံဆောင်တယ်။
အရောင်၊ ဖလက်ရှ်၊ တက္ကနိုလိုဂျီနဲ့
သတင်းတွေကလည်း
ညှို့ကွင်းဆင်ပြီး၊ ငါ့အတ္တကို ဗလာကျင်းစေတယ်။

ဗလာကျင်းမှုကြောင့်ပဲ
လူတွေ...
ရွှေငါးမွေးတယ်။ ချဲထိုးတယ်။
အရက်စွဲတယ်။ ဘိန်းစွဲတယ်။
ဆေးလိပ်သောက်တယ်။
စပ်စုတယ်။ အတင်းပြောတယ်။
ဘောလုံးပွဲမှာဆဲတယ်။ ကိုးရီးယားဇာတ်လမ်းတွဲ စွဲတယ်။
ခရူရှေးဇာပန်းထိုးတယ်။ သိုးမွေးထိုးတယ်။
ဖုန်းကို နှိပ်တယ်။ ပိတ်လိုက်-ဖွင့်လိုက် လုပ်တယ်။ အက်စ်-အမ်-အက်စ် ပို့တယ်။
ဆူဒိုကူဖြည့်တယ်။

ဒီတော့ ....ငါလည်း
ကဗျာရေးတယ်။
ဘလော့ရေးတယ်။
ကြောက်နေတာကို ဟန်လုပ်နေရပုံမျိုးလား။

ခေတ်တွေက စိတ်ဖိစီးမှုတိုးစေပြီး
သတင်းတွေက သွေးတိုးစေတယ်။
ဘ၀ကို ခုံမင်မှုနည်းလာပုံကို သူငယ်ချင်းတစ်ယောက်ကပြောပြ
ဂူးဂဲလ် မရှိရင် ဘဝဟာ နေမရတော့ဘူးတဲ့။

ငါ့ဘလော့ကို
နှစ်ယောက်လာလည်သွားသတဲ့။

ယာယီတစ်ညနေခင်းစာများတော့
အဖျားအနာကင်း၊ သီချင်းတစ်ပုဒ်လေချွန်
ဆံပင်ကို အကျအနဖြီးရ
စိတ်ကိုကြွလို့။ ။

ယောဟန်အောင်
မတ်လ ၆၊ ၂၀၀၇။

3 comments:

seinwin said...

udka,m[efa&
qG,fwmawGrsm;+yD; wG,f&mrJhaewJhtcsdefrSm
udka,m[efa& 'DuAsmuawmh uGufwd'ufxdyJ
usaemfvnf; bmvkyfovJodvm;
bavmhrSm rSwfcsufvdkufa&;aewmh
bmyJjzpfjzpf ae&mwck

mmblogbook2 said...

Hi, brother,
We are trying to publish myanmar blogger book and we also launched a blog to accept manuscripts from the members.

On that blog, we would like to describe some manuscripts from you and other famous bloggers who are good at writing.

Will you allow us to do so, brother? Please let us know.
Thank you very much for your support to the myanmar blogger community...

http://www.mmblogbook2.blogspot.com

Anonymous said...

you might want to check this out.

http://blueskyforest.blogspot.com/

Recent Comments