Pages

Sunday, February 18, 2007

သီတင်းကျွတ်

သီတင်းကျွတ်

မီးလောင်ရှိန် တညီးညီးနဲ့
လေကိုတိုးပြီးပြန်
လဆီကို ပျံမယ့်အိမ်မက်များနဲ့
ခရီးသွားတဲ့ မီးပုံးပျံ
မှိုင်းတွေကို ဆက်လက်သယ်ဆောင်လိုပေမယ့်
စွန့်လွှတ်အံကျခဲ့လေတယ်။

ပြင်ပမှာ
ဆောင်းဝင်လေ တအေးအေး
ကလေးတွေ ဆော့ကစားတဲ့
မီးအိုး ဗျောက်အိုးများအသံ
ရင်ထဲမှာ တဒိုင်းဒိုင်းကွဲ

ယောဟန်အောင်
၁၉၉၆ အောက်တိုဘာ ၁၈

No comments:

Recent Comments