Pages

Friday, September 15, 2017

လူများ (People)

ဘယ်လူတဦးမှ စိတ်ဝင်စားဖွယ် မဟုတ်ဘူးဆိုတာ မရှိဘူး 
သူတို့ကံကြမ္မာက ဂြိုဟ်ကမ္ဘာများရဲ့ ရက်စွဲမှတ်တမ်းများ။
သူတို့မှာ ထူးခြားတဲ့ကိစ္စ မရှိနေဘူးဆိုတာ မဟုတ်ဘူး
ဂြိုဟ်ကမ္ဘာတခုက ဂြိုဟ်ကမ္ဘာတခုနဲ့ ကွာခြားတယ်။

အကယ်၍ လူတယောက်က မထင်ရှားပျောက်ကွယ်မှုထဲ နေခဲ့ရင်
ဒီလို ပျောက်ကွယ်မှုထဲ သူ့မိတ်ဆွေတွေ ဖွဲ့ထားခဲ့ရင်
ပျောက်ကွယ်မှုဆိုတာ စိတ်မဝင်စားစရာ မဟုတ်ဘူး။

လူတိုင်းအတွက် သူ့ရဲ့ကမ္ဘာက ပုဂ္ဂိုလ်ရေးကိစ္စပါပဲ
အဲဒီကမ္ဘာမှာ အကောင်းဆုံးမိနစ်ရှိတယ်။
အဲဒီကမ္ဘာရဲ့ ဝမ်းနည်းဖွယ် တမိနစ်ဟာ
သူတို့ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စပေါ့။

သေဆုံးသူ လူတိုင်းမဆို သူနဲ့အတူ သေဆုံးမှုများရှိတယ်
သူ့ရဲ့ ပထမဦးဆုံး နှင်းများ၊ အနမ်းများနဲ့ ထွက်ပြေးရမှုများ
သူနဲ့အတူ ပါသွားတာပဲ။
သူတို့ဟာ ချန်ရစ်ခဲ့တဲ့ စာအုပ်များ၊ တံတားများ၊
ဆေးချယ်ခဲ့တဲ့ ကင်းဗတ်စများနဲ့ သူတို့ကံကြမ္မာက ရှင်သန်ဖို့ဆိုတဲ့
စက်ယန္တယားများ။

ပါသွားခဲ့တဲ့ကိစ္စများကလည်း ဘာမှမဟုတ်တာ မဟုတ်ဘူး
ကစားပွဲဥပဒေသအရ တစုံတခုတော့ ပါသွားခဲ့ပြီ။
သူတို့ထဲက ကမ္ဘာများ သေဆုံးတာမဟုတ်ဘဲ သေသူများ မရှိ

သူ အမှားလို့ သိတဲ့သူများ၊ ကမ္ဘာမြေရဲ့ သားကောင်များဖြစ်ကြတဲ့
သူတို့၊ အရေးကြီးတာက ငါတို့ ဘာသိကြသလဲ။

ညီအစ်ကိုတယောက်ရဲ့ ညီအစ်ကိုလား၊ မိတ်ဆွေများရဲ့ မိတ်ဆွေများလား၊
ချစ်သူရဲ့ ချစ်သူလား၊
ငါတို့ရဲ့ ဖခင်များအကြောင်း အကုန် သိခဲ့ကြတဲ့ငါတို့
ဘာမှမဟုတ်။

သူတို့ ဆုံးပါးကြပြီ။ သူတို့ကို ပြန်ခေါ်ယူ မရနိုင်၊
လျှို့ဝှက်ကမ္ဘာကို ပြန်လည်ဖန်တီးမရနိုင်ဘူး။
အချိန်တိုင်း တကြိမ်ပြီးတကြိမ်
ဖျက်ဆီးခြင်းကို ဆန့်ကျင်ဖို့ ငါ ငိုတယ်။ 



ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)

No comments:

Recent Comments