Pages

Monday, June 26, 2017

မုတ်သုံရာသီ

မနက် နိုးကတည်းက
ငါ့မုတ်သုံတွေကို ပျိုးထားတာပေါ့
သူနဲ့တွေ့မှ သည်းတော့မယ်လို့၊

ဒီလိုနဲ့ပဲ
ညနေခင်းကျလာ
တစိမ့်စိမ့်ရွာသွန်းနေရာကပဲ
ငါ့ရဲ့မိုးတိမ်တွေ လှိုက်လှိုက်လှဲလှဲ ခက်ထန်လာ
ကြုံရာမိတ်ဆွေနဲ့ ဝိုင်းတွေမှာ
ဦးတည်ရာမဲ့ အလွမ်းတွေ သရမ်းနေတော့တာ။   

ယောဟန်အောင်
ဇွန် ၂၆၊ ၂၀၁၇


No comments:

Recent Comments