Pages

Tuesday, February 14, 2017

ခေတ်နိုင်ငံရေး

နိုင်ငံရေးဟာ Inclusive inclusive ပြောရင်း
ငါ့ကို မောင်းမောင်းထုတ်တယ်။

နိုင်ငံရေးဟာ
ဦးဏှောက်နဲ့ စဉ်းစားလုပ်ဖို့မကောင်းဘူး
နှလုံးသားတခုထဲနဲ့ ကျိတ်လှော်နေရတာ။

နိုင်ငံရေးဆိုပြီး
လမ်းသွားရင် ခြုံပုတ်ဟိုရိုက်သည်ရိုက်
နိုင်ငံရေးဆိုပြီး
စင်ပေါ်ကနေ နားရွက်တံတွေးဆွတ်

နိုင်ငံရေးဆိုပြီး
တောင်ပို့တွေကို ရွှေချမီးပူဇော်နေရတဲ့ခေတ်။

ယောဟန်အောင်
၁၄ ဖေ၊ ၂၀၁၇


No comments:

Recent Comments