Pages

Saturday, October 15, 2016

ငယ်ကျွမ်းဆွေ

ဘူတာတွေအများကြီး ခုတ်မောင်းသွားပြီးမှ
သတိတရနဲ့ ရပ်မိခဲ့
ဇယားတွေ အတိအကျနဲ့မို့
ကိုယ့်ဘူတာဟောင်းလေး ဝေးကွာ
နောက်ပြန်ငေးဖို့ မဖြစ်နိုင်တော့ပါ။

'ငယ်ချစ်' ဆိုတာ
ရေကူးသင်၊ စက်ဘီးစီးတတ်သလို
ဖြတ်သန်းပြီးရင် ပြန်မေ့မရတတ်တဲ့အရာ
ရုပ်ခန္ဓာကိုယ်၌ထဲ ပေါင်းစည်း အမှတ်သညာ။

"မနှစ်က မှိုရခဲ့တဲ့နေရာ
ဒီနှစ်လည်း မှိုကျင်းတွေ ပြန်တွေ့ရဦးမှာ"…….။ *

ယောဟန်အောင်
စက် ၉၊ ၂၀၁၆


* ကချင်စကားပုံ 

No comments:

Recent Comments