Pages

Sunday, January 13, 2008

ဒါ ... သီချင်းပဲလား

တနေ့က ကျနော် ဂျာမနီနိုင်ငံရောက်နေတဲ့ ယခင်က ကျနော်တို့ရဲဘော် ကိုဘစောထွန်းနဲ့ အဆက်အသွယ် ပြန်ရတယ်။ ပြောစရာ တွေတော့ အများကြီးပေါ့။ သူက ဆံရှည်ကိုယ်တော်၊ ဂီတာကို ချစ်တဲ့သူ။ ကျနော်တို့က တောထဲမှာ ဘီလူးစ် သီချင်း တွေ ရေးဖို့ ပြင်ကြတော့လည်း သူက တက်တက်ကြွကြွ။ ကျနော်ကလည်း ကျနော့ဘလော့ကို ဖတ်ပါလို့ ကြော်ငြာရ တာ အမော။

ကိုဘစောက ၁၉၉၂ မာနယ်ပလောတိုက်ပွဲမှာ မိုင်းဒဏ်ရာနဲ့ သူ့ခြေတဖက်ဟာ သေရာပါ အနာတရ ဖြစ်ခဲ့ရတယ်။ သူက ကျနော်ကို ဆက်သွယ်လို့ ရရချင်း ပင့်ခ် ဖလွိုက် (Pink Floyd) ရဲ့ သီချင်းတပုဒ်ကို ဘာသာပြန်ခိုင်းတယ်။ ကျနော်ကလည်း ပြန်ပေးပါမယ် လို့ ကတိပေးလိုက်တယ်။ မဲဆောက်မှာ သူ့အိမ်လေးမှာလည်း ပင့် ဖလွိုက်သီချင်းတပုဒ်ကို ဘာသာပြန်ပေး ခဲ့ ဘူးတယ်။ နောက် တော့ သူဘာသာပြန်ခိုင်းထားတဲ့ ကျနော် ပင့်ခ် ဖလွိုက် သီချင်းကို တင်ပေးပါမယ်။

ဒီသီချင်းကတော့ ပင့်ခ် ဖလွိုက် မဟုတ်ဘူး။ ဆိုသူက ဆူဆန် ဗီဂါ (Susanne Vega) ။ နားထောင်စဉ်က ကိုဘစောထွန်း လည်း ကြိုက်ခဲ့တယ်လို့ ထင်တာပဲ။

ဒီသီချင်းကလေးကို နားထောင်ဖူးတာတော့ ကြာခဲ့ပြီ။ ဒီအယ်လ်ဘမ်က ၁၉၈၇ မှာ ထွက်ခဲ့တာဆိုတော့ နှစ် ၂၀ ကျော်ခဲ့ပြီ။ ကျနော်တောထဲမှာ ရှိတုန်းက လာလည်တဲ့ နိုင်ငံခြားဧည့်သည်တယောက်ဆီက နားထောင်ခဲ့ရတာ။ တနေ့က ပြန်ရှာတွေ့ တာနဲ့ Susanne Vega ကို ပြန်နားထောင်နေမိတယ်။ သူမကတော့ နယူးယောက်သူပါ။ ဘယ်လိုတီးလုံး (melody) မှ မပါပဲနဲ့ သီချင်း ဖြစ်အောင် သူဆိုသွားတာကိုတော့ Susanne Vega ရဲ့ သတ္တိကို ချီးကျူးမိပါတယ်။ စာသား (Lyrics) သက်သက် တွေ လည်း တေးဖြစ်တာပဲနော်လို့ တွေးနေမိပေါ့။ တွမ် ဒိုင်နာဆိုတာကတော့ နယူးယောက်မြို့၊ ဘရော့ဝေး လမ်း ၁၂၀ မှာရှိတဲ့ စားသောက်ဆိုင်တခု အမည်ပါ။ ကိုဘစောထွန်း လာကြည့်မိရင်လည်း သူဒီသီချင်းကလေးကို အမှတ်ရကောင်းပါတယ်။





My name is Luka ဆိုတဲ့ သီချင်းလေးကိုလည်း ကျနော်နှစ်သက်မိတယ်။ လုကာဆိုတဲ့ နှိပ်စက်ညှဉ်းပမ်းခံရတဲ့ ကလေး တယောက်အကြောင်း (abused child) ကို ဖွဲ့တယ်လို့ ပြောကြတာပါပဲ။

No comments:

Recent Comments