လူငယ်တယောက်ရဲ့ ဘဝချည်ထွေး (၄)
စုလှိုင်ကို မေတ္တာစာပေးဖို့ ကျနော် ဆုံးဖြတ်လိုက်တဲ့အချိန်မှာ၊ ဘာကိစ္စတွေမှန်း
မသိရဘဲ ကျနော်စိတ်တွေ အလွန်အမင်း ရှုပ်ထွေးနေခဲ့တယ်။ အဇ္ဈတ္တမှာ ပလာကျင်းသလို ဖြစ်နေခဲ့တယ်။
ဒါပေမယ့် ဘာကိုဖြည့်ဆီးပြီး၊ ဘာကိုထည့်သွင်းရမယ် ဆိုတာလည်း မသဲမကွဲ ဖြစ်နေတယ်။ စုလှိုင်ဟာ
ကျနော့်ချစ်သူ ဖြစ်နိုင်သလား။ သိပ်မသေချာဘူး။ ဒါပေမယ့် သူ့ကိုကြည့် ရင် နှစ်သက်စရာ
အပြုအမူလေးတွေလည်း ရှိပါတယ်။ သူ့ရဲ့ရိုးသားဖြူစင်မှုကိုလည်း ကျနော်သဘောကျတယ်။
နောက်ဆုံးတော့ ကျနော်ဆုံးဖြတ်လိုက်တယ်။ မစုလှိုင်ကို ကျနော်ရည်းစား စကားပြောတော့မယ်။ ကျနော်ဖတ်ပြီး ကြိုက် နေတဲ့ ရုရှားကဗျာဆရာ 'မာယာကော့ဖ်စကီး'ရဲ့ ကဗျာတပိုဒ်ကို ရည်းစားစာအဖြစ် ယူသုံးလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက် တယ်။ နောက်ဆုံး ကျစ်လစ်သေသပ်တဲ့ အချစ်စာ တစောင် ရရှိခဲ့တယ်။
"မစုလှိုင်...
ကိုယ်ဘာတွေများ ရေးရမလဲ...
ကိုယ့်ဘဝတခုလုံးဟာ မင်းအတွက် စာတစောင်ပဲ..
ဒီစာကို လက်ခံလိုက်ပါတော့ကွယ်။
ထာဝရ..
အောင်သူ" လို့ ချရေးလိုက်တယ်။ ဒါပဲ။
နောက်ဆုံးတော့ ကျနော်ဆုံးဖြတ်လိုက်တယ်။ မစုလှိုင်ကို ကျနော်ရည်းစား စကားပြောတော့မယ်။ ကျနော်ဖတ်ပြီး ကြိုက် နေတဲ့ ရုရှားကဗျာဆရာ 'မာယာကော့ဖ်စကီး'ရဲ့ ကဗျာတပိုဒ်ကို ရည်းစားစာအဖြစ် ယူသုံးလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက် တယ်။ နောက်ဆုံး ကျစ်လစ်သေသပ်တဲ့ အချစ်စာ တစောင် ရရှိခဲ့တယ်။
"မစုလှိုင်...
ကိုယ်ဘာတွေများ ရေးရမလဲ...
ကိုယ့်ဘဝတခုလုံးဟာ မင်းအတွက် စာတစောင်ပဲ..
ဒီစာကို လက်ခံလိုက်ပါတော့ကွယ်။
ထာဝရ..
အောင်သူ" လို့ ချရေးလိုက်တယ်။ ဒါပဲ။
တိုတောင်းပြီး လုံးဝ ပြည့်စုံတဲ့စာ။ "ချစ်တယ်" လို့ ကျနော်တခွန်းမပြောထားဘူး။ ပြောင်ပြောတာမျိုး၊ ဘလိုင်းကြီး ပြော တာမျိုး မပါဘဲ၊ ဆိုလိုရင်းကို ရောက်စေတဲ့စာ။ "ကိုယ့်ဘဝတခုလုံးဟာ မင်းအတွက် စာတစောင်ပဲ" လေ။
ဘယ်လောက် သိမ်မွေ့လိုက်ပါသလဲ...။
ရေရှည် ရည်မှန်းထားကြောင်းပါအောင် "ထာဝရ" ဆိုတဲ့ စာသားလေး ၃-လုံးကို ထည့်လိုက်တယ်။ သူ့ကို ရင်တွေခုန်လာ စေမယ့်စာ..။ အနည်းဆုံး ၃-၄ ညလောက် အိပ်မပျော်အောင် ဖြစ်သွားစေမယ့် ရည်းစားစာပဲပေါ့။
ဒီစာကို ပေးဖို့ လူရှင်းပြီး ဆိတ်ငြိမ်တဲ့ နေရာမျိုး ရွေးရပေလိမ့်မယ်။ ကျောင်းအတက်အဆင်း လမ်းမှာတော့ မဖြစ်နိုင်ဘူး။ ကျောင်းကင်တန်းမှာပေးရင်လည်း ရိုမန်တစ် မဖြစ်လှဘူး။ အဆောင်ရှေ့မှာဆိုရင် လူတရုံးရုံးနဲ့ ပိုဆိုးတော့မှာပေါ့။ ကြားလူ ကတဆင့် ပေးခိုင်းဖို့လည်း ကျနော်မစဉ်းစားပါဘူး။ ယောက်ျားကောင်းတယောက်အတွက် သတ္တိနည်းလွန်းရာကျတယ်။ ဒီလိုနဲ့ ကျနော်တို့ စစ်ဆေးရုံကြီး အနောက်ဘက်က လက်ဘက်ရည်ဆိုင်ကို စုလှိုင်ကို ခေါ်သွားဖို့ ရွေးလိုက်တယ်။ အမှန်ပြောရရင် စစ်ဆေးရုံကြီးနောက်ဖက်မှာ လူနာတွေ၊ ဝန်ထမ်းတွေ၊ ဆေးကျောင်းသားတွေအတွက် လက်ဖက်ရည် ဆိုင်၊ စားသောက်ဆိုင် တဆိုင်၊ နှစ်ဆိုင်ရှိတယ်။ ကုက္ကိုရိပ်တွေ မိုးထားတဲ့ ခပ်ငြိမ်ငြိမ်ဆိတ်ဆိတ် ဆိုင်လေးတွေပါ။ လူကျဲ ပါးတယ်။ ဘေးနားက လမ်းတွေမှာ ဆေးတပ်က အရာရှိတွေအတွက် သီးသန့်ထားတဲ့ အိမ်ယာတွေ၊ တိုက်တန်းတွေ အစီ အရီ ရှိနေကြတယ်။ ကျောင်းက စုံတွဲတွေ ညနေဖက် လမ်းလျှောက်ထွက်တတ်ကြတဲ့ လမ်းကလေးတွေက သွားရင်လည်း ရောက်တယ်။ စစ်ဆေးရုံကြီးကို ဖြတ်လို့ နောက်ဖက်က ထွက်သွားရင်လည်း ရောက်တယ်။ လက်ဖက်ရည် မုန့်၊ အစား အသောက် သိပ်မကောင်းလှပေမယ့် ဆိတ်ငြိမ်လူရှင်းတဲ့ဆိုင်။ သူ့ကို အဆောင်ကနေ ကျနော် ခေါ်ထုတ်လာခဲ့တယ်။ သိပ် အံ့သြပုံ မပြပါဘူး။ သူက လိုက်လာခဲ့တယ်။
"ကျနော် ခင်ဗျားကို စကားလေး ဘာလေး ပြောချင်လို့။ အေးအေးဆေးဆေးပေါ့"
"လက်ဘက်ရည် သွားသောက်ကြရအောင်လေ...."
ကျနော် အတည်ငြိမ်ဆုံး လုပ်ထားပေမယ့် သိပ်သတ္တိ မရှိသလို ခပ်ရွံ့ရွံ့.. သူကလည်း "သွားတာပေါ့" ဆိုပြီး လိုက်လာ တယ်။ တလမ်းလုံး စကားတလုံးမှ မပြောဖြစ်ကြဘူး။
အခုပဲ စာကို ပေးလိုက်ရတော့မလား..
ဟိုရောက်မှ စာကို ပေးရမလား... ဝေခွဲမရဘူး။ လမ်းမှာ တိတ်ဆိတ်မနေရလေအောင် ပြောလာကြတာတော့ 'အဆောင်က ဟင်းကောင်းလား၊ ဒီနေ့ ဘာချက်လဲ'။ 'ဆိုးတယ်။ ဒီနေ့ အဆောင်မှာ ရေမလာဘူး' ဆိုတာတွေ။
လက်ဘက်ရည်ဆိုင် ရောက်လာတယ်။ မှောင်ကုတ်ကုတ် ဆိုင်ထဲမှာ ထိုင်လို့ လက်ဘက်ရည်တွေမှာလိုက်ကြတယ်။ ကံဆိုးချင်တော့ ကျနော်တို့ အတန်းဖော် တယောက်၊ နှစ်ယောက်က ဆိုင်မှာ ထမင်းကျော်လာ စားနေကြတယ်။ သေပါပြီ။
ကျနော့်အစီအစဉ်တွေ ပျက်တော့မှာပဲ။ ဟိုပြော ..သည်ပြောနဲ့ နေရတယ်။ ခြောက်သွေ့နေတာတော့
အမှန်။ မထူးပါဘူး။ ပြန်မှ ပေးတော့မယ်လို့ ဆုံးဖြတ်ချက်တွေ ပြင်ဆင်လိုက်ပြန်တယ်။ သိပ်မကြာဘူး။
ဘောလုံးပွဲပြီးလို့လား မသိဘူး။ အားကစားသမား တအုပ်ရောက်လာပြီး ဆူညံနေတယ်။ "လူများတယ်၊
ပြန်ရအောင်" ဆိုပြီး ပြန်ခဲ့တယ်။
၁၀-မိနစ်...။ ဒီကနေ အဆောင်ကို ပြန်ရောက်မယ့်အချိန်။ ဒီကြားထဲတော့ ကျနော်လှုပ်ရှားရတော့မယ်။ ၁၀-မိနစ်။ ဒီ ၁၀ မိနစ်မှာ ကျနော်မပြောဖြစ်ခဲ့ဘူးဆိုရင် အခုလို အဆောင်က ခေါ်လာတာဟာ ဘာမှ အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး။ နောက်တခါ ထပ်ပြီး အဆောင်ကခေါ်ထုတ်ဖို့လည်း ခက်ခဲသွားနိုင်တယ်။ ချိန်ကိုက်ဗုံးတလုံးလိုပဲ ကျနော့်ဦးဏှောက်က တစ်တောက် တစ်တောက်နဲ့ လှုပ်ရှားနေတယ်။ မင်္ဂလာဒုံ ဆေးအရာရှိ ရိပ်သာ အိမ်ယာတန်းဖက် သစ်ပင်ကြီးတွေပေါ်မှာ ဗျိုင်းတွေက အိပ်တန်းတက်ဖို့ ကျိုးကျိုးကြည်ကြည် အော်မြည်လို့.. ကျောင်းရှေ့ကား မှတ်တိုင်မှာလည်း လူတွေက ဒီနေ့မှ ပိုများသလို။ ဘတ်စ်ကားက မလာသေးဖူးလား။
ကျနော်စာကို ဆွဲထုတ်လိုက်တယ်။ သေချာ စီရင်ခဲ့တဲ့ အချစ်စာ။ ဒီစာရေးတဲ့အခါ ကျနော့်ရဲ့သေသပ်တဲ့ လက်ရေးကို အလှဆုံးရေးထားတာ။ ဒီစာရေးတော့ ရေမွှေးဘောပင်ကို မသုံးပါဘူး။ ကလေးကလား။ ကျနော်က ရိုးသားမှုကိုလည်း ပြချင်တယ်။
၁၀-မိနစ်...။ ဒီကနေ အဆောင်ကို ပြန်ရောက်မယ့်အချိန်။ ဒီကြားထဲတော့ ကျနော်လှုပ်ရှားရတော့မယ်။ ၁၀-မိနစ်။ ဒီ ၁၀ မိနစ်မှာ ကျနော်မပြောဖြစ်ခဲ့ဘူးဆိုရင် အခုလို အဆောင်က ခေါ်လာတာဟာ ဘာမှ အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး။ နောက်တခါ ထပ်ပြီး အဆောင်ကခေါ်ထုတ်ဖို့လည်း ခက်ခဲသွားနိုင်တယ်။ ချိန်ကိုက်ဗုံးတလုံးလိုပဲ ကျနော့်ဦးဏှောက်က တစ်တောက် တစ်တောက်နဲ့ လှုပ်ရှားနေတယ်။ မင်္ဂလာဒုံ ဆေးအရာရှိ ရိပ်သာ အိမ်ယာတန်းဖက် သစ်ပင်ကြီးတွေပေါ်မှာ ဗျိုင်းတွေက အိပ်တန်းတက်ဖို့ ကျိုးကျိုးကြည်ကြည် အော်မြည်လို့.. ကျောင်းရှေ့ကား မှတ်တိုင်မှာလည်း လူတွေက ဒီနေ့မှ ပိုများသလို။ ဘတ်စ်ကားက မလာသေးဖူးလား။
ကျနော်စာကို ဆွဲထုတ်လိုက်တယ်။ သေချာ စီရင်ခဲ့တဲ့ အချစ်စာ။ ဒီစာရေးတဲ့အခါ ကျနော့်ရဲ့သေသပ်တဲ့ လက်ရေးကို အလှဆုံးရေးထားတာ။ ဒီစာရေးတော့ ရေမွှေးဘောပင်ကို မသုံးပါဘူး။ ကလေးကလား။ ကျနော်က ရိုးသားမှုကိုလည်း ပြချင်တယ်။
"မစုလှိုင်ရယ်.. စိတ်မဆိုးပါနဲ့။ ကျနော် စာတစောင်ရေးထားတာ ရှိတယ်။
ဖတ်ကြည့်ပါ။ ကျနော်အခု ပြောချင်တာလည်း ရေးထားပါတယ်။"
"ဟဲ့….. နင်ကလည်း လူကြားထဲမှာ.. "
ကျနော့စာကို လွယ်အိတ်ထဲ ပြန်ထည့်လိုက်ရတယ်။ အဆောင်ရှေ့ရောက်တော့ ပိုမဆိုးဘူးလား။ ဧည့်ခန်းပါလာမှာ လူ တွေ၊ ဧည့်သည်တွေ အပြည့်လေ။ ဒုက္ခပါပဲ။
အဆောင်ရှေ့ရောက်တော့မှ "ပေးတော့" လို့ ဆိုလာတယ်။
ဝှူးးးးး... ပြီးတော့ ကိုင်ထားတယ်။ ခပ်တည်တည်ပဲ။ ကျနော်ကတော့ မျက်နှာကြီး နီနေသလား မသိပါဘူး။ "နင်ကလဲ.. ငါလည်း နင့်ကို စိတ်ဝင်စားပါတယ်။ နောက်ကျရင် အဆောင်ကို လာလည်.."
ကျနော့ မေတ္တာစာကို ဖတ်မကြည့်ဖူး။
တထိုင်တည်း အဖြေပေးသလို ပြောချလိုက်တယ်။
ကျနော် အိမ်ပြန်လာတော့ ပျော်ရမယ့်အစား၊ ရင်လေးသလိုကြီး ဖြစ်လာနေတယ်။ အခု ရည်းစားဖြစ်သွားပြီလား။ ကျနော် တို့ သူများအတွဲတွေလို တွဲလို့ရပြီလား။ ဘာလုပ်ရမလဲ...အမှတ် (၉) ဘတ်စ်ကားပေါ်မှာ ရင်တွေပူလို့ ပြန်လာခဲ့တယ်။ ကျနော် မမှားနိုင်ပါဘူး။ သေချာ သလားဆိုတော့လည်း အကြိမ်ကြိမ် မေးခွန်းတွေဖြစ်နေတုန်း။ တအုံနွေးနွေး ဆိုတာ မျိုးပေါ့။
"ဟဲ့….. နင်ကလည်း လူကြားထဲမှာ.. "
ကျနော့စာကို လွယ်အိတ်ထဲ ပြန်ထည့်လိုက်ရတယ်။ အဆောင်ရှေ့ရောက်တော့ ပိုမဆိုးဘူးလား။ ဧည့်ခန်းပါလာမှာ လူ တွေ၊ ဧည့်သည်တွေ အပြည့်လေ။ ဒုက္ခပါပဲ။
အဆောင်ရှေ့ရောက်တော့မှ "ပေးတော့" လို့ ဆိုလာတယ်။
ဝှူးးးးး... ပြီးတော့ ကိုင်ထားတယ်။ ခပ်တည်တည်ပဲ။ ကျနော်ကတော့ မျက်နှာကြီး နီနေသလား မသိပါဘူး။ "နင်ကလဲ.. ငါလည်း နင့်ကို စိတ်ဝင်စားပါတယ်။ နောက်ကျရင် အဆောင်ကို လာလည်.."
ကျနော့ မေတ္တာစာကို ဖတ်မကြည့်ဖူး။
တထိုင်တည်း အဖြေပေးသလို ပြောချလိုက်တယ်။
ကျနော် အိမ်ပြန်လာတော့ ပျော်ရမယ့်အစား၊ ရင်လေးသလိုကြီး ဖြစ်လာနေတယ်။ အခု ရည်းစားဖြစ်သွားပြီလား။ ကျနော် တို့ သူများအတွဲတွေလို တွဲလို့ရပြီလား။ ဘာလုပ်ရမလဲ...အမှတ် (၉) ဘတ်စ်ကားပေါ်မှာ ရင်တွေပူလို့ ပြန်လာခဲ့တယ်။ ကျနော် မမှားနိုင်ပါဘူး။ သေချာ သလားဆိုတော့လည်း အကြိမ်ကြိမ် မေးခွန်းတွေဖြစ်နေတုန်း။ တအုံနွေးနွေး ဆိုတာ မျိုးပေါ့။
နောက်ပိုင်းမှာ စုလှိုင်က သူ့ပို့လာတဲ့စာမှာ ရေးတယ်။
"မင်းကိုချစ်တာဟာ မြင့်မြတ်တယ်လို့ ထင်တဲ့ မင်းရဲ့စိတ်ဓာတ်ကို သဘောကျလို့…
Field Trip မှာတုန်းက အရာရာကို သည်းခံခွင့်လွှတ်တတ်တဲ့ မင်းကို လေးစားတယ်။ ဒါကြောင့်မို့လဲ
မင်းကိုချက်ချင်း အဖြေပေးခဲ့မိတယ်။ ပြီးတော့မှ မင်း အရမ်းအထင်သေး သွားမလားလို့ စိုးရိမ်နေမိတယ်။
ပြီး မင်းအနေနဲ့ ကိုယ့်အပေါ်မှာ ပေါ့ပျက်ပျက် သဘောထားမှာလား… ကိုယ့်ဘက်မှာ အားနည်းချက်တွေရှိနေတော့
မင်းအချစ်ကို မယုံနိုင်သလိုပါပဲ။ အခြေအနေတွေ ဖန်တီးလာလို့သာ ကိုယ့်ကိုချစ်တယ်လို့ ပြောခဲ့တာလို့
ထင်နေမိတယ်။"
+++++++++++++++++++++
"ဒါဆိုရင် ခင်ဗျားက မစုလှိုင်ကို ချစ်သလား၊ မချစ်ဘူးလား မသေချာဘဲနဲ့
စာပေးခဲ့တာပေါ့" ကိုမင်းလွင်က မေးတယ်။
"အင်း… အဲလိုတော့လည်း ဖြစ်မယ် မထင်ပါဘူး" ကျနော် ပြန်ဖြေမိတယ်။
ကျနော်တို့ စခန်းရောက်တော့ ဆေးရုံမှာပဲ အခန်းတခုမှာ စုပြီး နေကြတယ်။ ဘေးနားမှာ
ဆေးပုံးတွေ၊ ပစ္စည်းပစ္စယတွေ စုပုံထားတဲ့ ဆေးစတိုခန်းလို အခန်းမျိုးပါပဲ။ ဒီအခန်းမှာပဲ
လူ ၃-၄ ယောက် စုပြီး အိပ်ကြတယ်။ ဆေးရုံသာဆိုတယ်။ ဝါးသဲပိုးကပ်၊ ဖက်မိုးဆောက်ထားတဲ့
မြေစိုက်တဲကြီး ပါပဲ။ ဆေးရုံကို ခပ်ကြီးကြီးတဲကြီးအဖြစ် ဆောက်ထားတယ်။ လူနာ ကုတင်တွေအဖြစ်
မြေစိုက် ဝါးကွပ်ပြစ်တွေ ထိုးထားတယ်။ ကွပ်ပြစ်တလုံး လူနာ ၂ ယောက်ဆိုတော့ လူနာ ၂၀ နီးပါး
တော့ အသာလေးဆန့်တယ်။ ထောင့်တခုမှာ ကျနော်တို့ အခန်းကို အကာအရံနဲ့ဆောက်၊ တံခါးကိုတော့
လိုက်ကာခန်းဆီး နဲ့ ကာထားတယ်။ အခန်းရှေ့ကို ခုန်ဆင်းလိုက်ရင် ရေနွေးဗူး၊ ဆေးထိုးအပ်၊
သွေးတိုင်းကိရိယာတွေ၊ ဆေးအချို့ထားတဲ့ လူနာ စစ်ဆေးခန်း။ နယ်စပ်ရောက်ပြီး သိပ်မကြာခင်မှာပဲ
နိုင်ငံတကာ အဲန်ဂျီအိုအဖွဲ့အစည်းတွေက လာလှူထားတော့ ဆေးဝါးက အတော်အသင့် ရှိနေပြီ။ အရေးကြီးဆေးဝါးစာရင်း၊
လူနာရောဂါဖြစ်ပွားမှု အခြေအနေကို သူတို့ဆီကို ကျနော် တို့က ၃-လတကြိမ် တင်ပြရတယ်။ အချို့သူတို့မပေးနိုင်တဲ့
ဆေးတွေကို နီးစပ်ရာ ထိုင်းမြို့ကလေးက ဝယ်ရတယ်။ လူနာ ကတော့ ငှက်ဖျားနဲ့ သာမန်အဖျားအနာ
ရောဂါပဲ များပါတယ်။ ကျနော်တို့ ပြန်လှန်ဖတ်ကိုးကားနိုင်ဖို့ ဆေးစာအုပ် အချို့ လည်း
မြို့သွားတဲ့သူတွေက တဆင့် ပြန်ရှာဖွေရတယ်။ လူနာရာဇဝင်ရေးဖို့ ချပ်ပြားတွေ၊ ပုံစံတွေ
တတ်သမျှ မှတ်သမျှ ပြုစု ရတယ်။ လူနာမှတ်တမ်းထိန်းသိမ်းတဲ့ စနစ်၊ ရယ်ဂျစ်စတာ မှတ်ပုံတင်တွေကို
လုပ်ရတယ်။ အတန်းကျတဲ့ စာညံ့တဲ့ ကျောင်းသားတွေနဲ့ ဒီလူနာတွေနဲ့တော့ တွေ့ပါလေရော။
စခန်းက အဖွဲ့သားတွေကတော့ ကျနော်တို့ကို အားကိုးကြတယ်။ စခန်းမှာ မြို့တွေအလိုက်
ဘားတိုက်တွေ ဆောက်ပြီး နေကြတယ်။ မြေစိုက် ရင်ခွဲဘားတိုက်တခုဆိုရင် လူ ၆၀ လောက် ဆန့်မယ်။
တဖက်ကို ခြေချင်းဆိုင် လူ ၃၀ လောက် အိပ်ယာခင်းလို့ ရနိုင်မယ်။ သံဖြူဇရပ်အုပ်စု၊ မုဒုံအုပ်စု၊
ရန်ကုန်အုပ်စု၊ စဖြင့် မြို့တွေအလိုက် စုပြီးနေထိုင်ကြတယ်။ မြို့က ပါလာတဲ့ သပိတ်ခေါင်းဆောင်၊
သို့မဟုတ် လူကြီးတွေက ဒီလူငယ်အုပ်တွေကို ထိန်းသိမ်းကြတယ်။ စခန်းတခုလုံး အနေနဲ့ ကျတော့
အုပ်ချုပ်ဖို့ ကော်မီတီတခု ရွေးချယ်တင်မြှောက်မှုစနစ်နဲ့ ဖွဲ့စည်းထားတယ်။ ကျနော်တို့
စခန်းသစ်လာဆောက်ရာ နေရာက ဘုရားသုံးဆူနဲ့ ၁-နာရီခရီး (၄-၅ ကီလိုမီတာ) လောက် လမ်းလျှောက်ရမယ့်
နမ့်ကိတ်လို့ ခေါ်တဲ့ ရွာနဘေးပဲ။ မြက်ရိုင်းတောကြီးကို ထွင်ပြီး ဘားတိုက်တွေဆောက်ဖို့
နေရာရွေး၊ နေရာချကြတယ်။ အဲဒီအချိန်က ဝါးမရှားသေးဘူး။ စခန်းက နည်းနည်းလျှောက်သွားလို့
ရတဲ့နေရာမှာ ဝါးပိုးဝါးပင်တွေ ရနိုင်သေးတယ်။ ခုတ်သူခုတ်။ ထမ်းပြီး သယ်သူသယ်။ စခန်းအနီးမှာတော့
တော်ရုံဝါးကလေးတွေ ရှိတယ်။ ဖက်ကတော့ ရွာကဖက်ထိုးပြီး ရောင်းတာကို ဝယ်သုံးကြရတယ်။ စခန်း
ချတဲ့ နေရာထဲမှာ သစ်စက်တလုံးက ရှိနေသေးတော့ အချို့ ပကာသား၊ စွန့်ပစ်ထားတဲ့ သစ်အဖျားအနားတွေကို
ယူသုံး ဆောက်လို့ရတယ်။ ကျနော်တို့ကတော့ မြို့သားတွေ၊ နှီးပြစ်ဖို့တောင် ဓားကိုဖြောင့်အောင်
မကိုင်တတ်ကြသူတွေ။
ဘားတိုက်အများစုက နယ်ကပါလာတဲ့ ရဲဘော်တွေကပဲ ဦးဆောင်ဆောက်လုပ်သွားကြတယ်။
ကျနော်တို့ကိုကျတော့ စခန်းက ရဲဘော်တွေက 'ဆရာဝန်'လို့ပဲ ခေါ်ကြတယ်။ ဒေသခံ မုဒုံဖက်က အသံဝဲဝဲနဲ့ဆိုရင်တော့
'ဆရာဝန်း' ဖြစ်ပါလေ ရော။ သူတို့လေသံကိုလည်း ကျနော်တို့ ရလာကြတယ်။ "ဆရာဝန်း၊ ဒီကောင်း
ဖျားပလပ်နေတာ ကြာပြီး" ဆိုတာမျိုးပေါ့။
ညညတွေ ကျောခင်းရင်း၊ မအိပ်ခင် သူ့အကြောင်း ကိုယ့်အကြောင်း ဖလှယ်မိကြတယ်။
လသာတဲ့ ညမျိုးဆိုရင် အိမ်လွမ်း သလိုလို။ တယောက်ယောက်ကို လွမ်းဆွေးသလိုလို။ ဒီလိုနဲ့
ကိုမင်းလွင်၊ ကိုသက်ဌေးနိုင်၊ အခြားကျောင်းသား ရဲဘော် တွေနဲ့ စကားဝိုင်းကောင်းကြတယ်။
ဒီတော့ ကျနော်လည်း စုလှိုင်အကြောင်းကို ပြန်ပြောပြမိနေတာ။
"ဒီလိုဗျ။ ကျနော်တို့ ရည်းစားသာ ဖြစ်တယ်။ လူချင်း ရင်းနှီးဖို့ အချိန်နည်းခဲ့တယ်။"
ကျနော်က ကျောင်းပိတ်ရက်တွေ အကြောင်း၊ သူ့ဆေးရုံ ပိုစတင် (Posting)၊ ကိုယ့်ဆေးရုံ ပိုစတင်
နေရာလွဲတာတွေ ပြန်ပြောပြဖြစ်တယ်။ ကျနော်က နောက်ပိုင်း သူ့ဆီကို စာတွေရေးပို့ဖြစ်ပါတယ်။
ဒါပေမယ့် ကျနော်က သူများတွေ ရည်းစားစာလို မရေးချင်ဘူး။ စာတန်း တခုလို ခေါင်းစဉ်တခုတပ်ပြီး
ရေးပေးဖြစ်တယ်။ "လူတယောက်ရဲ့ အိမ်"၊ "လူတယောက်ရဲ့ အိပ်မက်"၊ "လူတယောက်ရဲ့
လမ်းကြားကလေး" အဲသည်လိုမျိုး။ ကျနော်ထင်တာ (ကိုယ့်ဘာသာ ယူဆနေတာကတော့) ကျနော်တို့
အနာဂတ်အတွက် သံစုံညှိနေတာမျိုးပေါ့။ ကျနော့်ကို နားလည်လာအောင်၊ ကျနော့် အိပ်မက်တွေ၊
ဖြစ်ချင်တာတွေ၊ ကျနော့်အတ္တတွေကို နားလည်လာအောင် ပြောပြနေတာမျိုးပေါ့။ တီးဝိုင်းတခုမှာ
သီချင်းတပုဒ် မဖြစ်ခင် တူရိယာတွေ သံစုံညှိကြသလိုလေ။ ကျနော်ကလည်း ကဗျာရူး၊ စာရူးလေ။
ဒါကို စုလှိုင်ကတော့ ဘယ်လို ဖတ်နေမိသလဲ မသိဘူး။ သူနဲ့ သိပ်မဆိုင်လှတဲ့ ဝတ္ထုတပုဒ်ကို
ဖတ်နေသလိုမျိုး ဖတ်နေခဲ့လေမလား။ ကျနော် မသိနိုင်ခဲ့ဘူး။
သူစာရေးခဲ့ဖူးတယ်။
"တခါတလေကျတော့ မင်းအဖို့ ကဗျာတွေ၊ ဝတ္ထုတွေ ရေးလို့ကောင်းအောင်များ ချစ်တာလားလို့
တွေး နေမိသေးတယ်။ မင်းကို စော်ကားတယ်လို့တော့ မထင်စေချင်ဘူး။ မင်းကို စာရေးရရင်လည်း
ဘာရေးရမှန်း မသိဘူး။ ကိုယ့်စာကို ဖတ်ပြီး ရီနေမှာကို အရမ်းကြောက်တာပဲ။ တခါမှလည်း မရေးဘူးတော့
တမျိုးကြီးပဲ။ ရေးရ တာရှက်တယ်။"
ဒီလိုတော့ သူပြောဖူးတယ်။
"ဒီလိုဗျ… ကိုမင်းလွင် ကျနော် စာအုပ်တအုပ်ဖတ်ဖူးတယ်။[1]
ချစ်ခြင်းမေတ္တာနဲ့ အိမ်ထောင်ရေးအကြောင်း စိတ်ပညာ သဘောဆန်ဆန် စာအုပ်ပဲ။ ရောင်းကောင်းတဲ့စာအုပ်စာရင်းတော့
ဝင်တယ်။ အဲဒီမှာ စာရေးဆရာ အမ်၊ စကော့ ပက် (M. Scott Peck) က ဆွေးနွေးထားတာ၊ ရှည်ကြာတဲ့
အိမ်ထောင်၊ အောင်မြင်တဲ့ အချစ်တွေဟာ ၃-နားညီတဲ့ တြိဂံတခုလိုပဲ တဲ့။ ဆိုလိုတာကဗျာ တြိဂံအနားတဖက်က
ရင်းနှီးမှု၊ ကျန် အနားတဖက်က ယုံကြည်မှု (Trust)၊ ကျန် အနားတဖက်က လိင်ဆွဲဆောင်မှု
(Sexual appeal) ဗျ။ တခုခု လိုနေရင် အောင်မြင်တဲ့ အချစ် မဖြစ်နိုင်ဘူးဆိုတယ်ဗျ။"
"တယ်ဆိုတဲ့ စာပါလား" သူက ပြန်နောက်တယ်။
"ဒီလိုလေ… ရင်းနှီးမှု နည်းနေမယ်။ တယောက်နဲ့တယောက် ယုံကြည်မှုတော့ ရှိနေမယ်။
လိင်ကိစ္စလည်း တန်သလောက် ရှိမယ်၊ ဒါမျိုးက ကြာရှည်လာတဲ့ လင်မယားတွေမှာ ဖြစ်တတ်တာမျိုး၊
သူတို့မှာ သိပ်ပြီး ဟက်ဟက်ပက်ပက် ရှိကြတော့ မှာ မဟုတ်ဘူး။
ရင်းနှီးမှုတော့ ရှိမယ်၊ ယုံကြည်မှုတော့ ပျောက်သွားတယ်။ လိင်ကိစ္စလည်း ရှိနေဦးမယ်။
လင်-မယားတွေမှာ တယောက် ယောက်က ဖောက်ပြန်ပြီးတော့ ပြန်သည်းခံ အကြောင်းကြောင်းကြောင့်
ပေါင်းသင်းနေကြရတဲ့ လင်မယားမျိုးတွေပေါ့။ ဒါမှ မဟုတ် ငွေပေးပြီး လိင်အရောင်းအဝယ် လုပ်သလိုလည်း
ဖြစ်နိုင်တာပဲ။ တယောက်နဲ့ တယောက် ယုံကြည်စရာမလိုဘူး လေ။
ရင်းနှီးမှုရှိမယ်။ ယုံကြည်မှုရှိတယ်။ လိင်ကိစ္စ မပါဘူး။ သူငယ်ချင်းတွေကြားထဲက
ကိစ္စမျိုးပေါ့။ ၃-နားညီမှသာ အိမ်ထောင် တွေ ခိုင်မြဲတယ်။ အချစ်က ရှင်သန်မယ်လို့ ကျနော်ဖတ်ဖူးတယ်။
ကျနော်တို့ကြားထဲ ၃-နားညီ တြိဂံတည်ဆောက်ဖို့ အချိန် နည်းခဲ့တယ်လေ"….
[1] M.
Scott Peck ရေးတဲ့ လူသွား နည့်တဲ့လမ်း- အချစ်၊ ရိုးရာစဉ်လာ တန်ဖိုးများနဲ့ စိတ်ပိုင်းဆိုင်ရာ
ဖွံ့ဖြိုးမှု (The Road Less Travelled: A new psychology of love, traditional
values and spiritual growth. 2003. Touchstone Anniversary Edition.)
No comments:
Post a Comment