Pages

Sunday, September 10, 2017

စကားလုံးများ မလို (There is no need for words)

စကားလုံးများ မလို
ဘာကိုမှ ကြားဖို့မလို။
ဘယ်လောက် ဝမ်းနည်းကြေကွဲနေလည်း၊
တိရိစ္ဆာန်တကောင်ရဲ့ မဲမှောင်တဲ့ စိတ်ထဲ နေသာပါသေး။

ဘာမှ ကြားအောင်လုပ်ဖို့မလို
စကားလုံးတွေလည်း အသုံးပြုစရာ မလိုပြီ။
ငယ်ရွယ်တဲ့ လင်းပိုင်တကောင် လျှောစောက်ထဲ ခုန်ဆင်းသွား
ကမ္ဘာကြီးရဲ့ မီးခိုးရောင် ချောက်နက်ရှိုင်းတလျှောက်မှာ။  

အိုဆစ်ပ် မင်ဒဲစတန်း (Osip Mandelstam)

No comments:

Recent Comments