ပြောမပြနိုင်တဲ့ ဝမ်းနည်းမှုတခုက
မျက်စေ့ကြီး နှစ်ခုကို
ပွင့်စေခဲ့တယ်။
ပန်းအိုးတခုက နိုးထလာ
ကြည်စင်တဲ့ အံ့သြမှုတွေ
ဖျန်းပက်လို့။
အခန်းတခုလုံးက ဆွေးမြေ့ခြင်းရဲ့
ချိုတဲ့အစိတ်အပိုင်းတွေနဲ့-
ပြည့်လို့။
ဒီလို သေးနုတ်တဲ့ ဘုရင့်နိုင်ငံတောင်မှ
အိပ်စက်ခြင်းရဲ့ သမုဒ္ဒရာကို
မျိုချနိုင်တယ်။
ဝိုင်များရဲ့ အနည်းငယ်သော
အနီရောင်
မေလရဲ့ အနည်းငယ်သော
နေရောင်
သွယ်လျတဲ့ အဖြူရောင်
လက်ချောင်းများ
ရေစက်မှုန်တွေကို
ပြိုကွဲစေတယ်။အိုဆစ်ပ် မင်ဒဲစတန်း (Osip Mandelstam)
No comments:
Post a Comment