ည…၊ မင်းငါ့ကို လိုချင်မှ
လိုအပ်ပါလိမ့်မယ်။
ကမ္ဘာကြီးရဲ့ လက်လှမ်းမှီရာကနေ
ပုလဲရဲ့ အစေ့ ရှိမနေတဲ့
ခရုခွံလို
ကမ်းစပ်မှာ ငါ့ကို
ပစ်ထားခဲ့တာပေါ့။
ဂရုမစိုက်တဲ့ ပင်လယ်များကို
မင်းရွေ့လျားသွား
ပြီး အမြဲတေးသီလို့၊
ဒါပေမယ့် မင်းက ဒီလို
မလိုလားအပ်တဲ့ ကိစ္စတွေနဲ့
ကျေနပ်နေဆဲ။
ကမ်းခြေနားမှာ မင်းလဲလျောင်း
ဝတ်ရုံရှည်နဲ့ မင်းကိုယ်မင်း
ထုပ်ပိုးလို့
ပြီးတော့ လှိုင်းများရဲ့
ခေါင်းလောင်းသံကျယ် ကြုံးဝါးသံများမှာ
ခရုခွံတွေ မင်းက ချိတ်တွဲလို့။
မင်းရဲ့ မပီသညည်းတွားသံတွေ
အမြုပ်များက
ကျိုးကြေလွယ် ခရုခွံရဲ့
နံရံများကို နမ်းရှိုက်
လေနဲ့ မိုးနဲ့ မြူခိုးတွေနဲ့
ဘယ်သူမှနေထိုင်လို့
မဖြစ်တဲ့ နှလုံးသားတခုပေါ့။ အိုဆစ်ပ် မင်ဒဲစတန်း (Osip Mandelstam)
No comments:
Post a Comment