မေမေ… အမေ့သားရဲ့ မွေးနေ့မှာ
ကျနော်က ဂုဏ်ပြုပါရစေ။
မေမေက သူ့အတွက် အလွန်စိုးရိမ်တာပေါ့။ ဒီမှာ သူလဲလျောင်းလို့၊
သူက ဝင်ငွေနည်း၊ သူ့အိမ်ထောင်ရေးကလည်း ကံမွဲ
သူက အရပ်ရှည်ရှည်နဲ့ ပိန်လျ၊ သူက မုတ်ဆိပ်တွေလည်း မရိပ်မသင်
မေမေက သူ့အတွက် အလွန်စိုးရိမ်တာပေါ့။ ဒီမှာ သူလဲလျောင်းလို့၊
သူက ဝင်ငွေနည်း၊ သူ့အိမ်ထောင်ရေးကလည်း ကံမွဲ
သူက အရပ်ရှည်ရှည်နဲ့ ပိန်လျ၊ သူက မုတ်ဆိပ်တွေလည်း မရိပ်မသင်
အို… ဘယ်လောက်ကြေကွဲဖွယ် ချစ်စရာ အကြည့်တွေပါလဲ။
မေမေရဲ့ စိတ်ပူပင်ရတဲ့သူရဲ့ မွေးနေ့မှာ
ဖြစ်နိုင်ရင် ကျနော်ဂုဏ်ပြုစကား ဆိုပါရစေ။
ဒီအရွယ်တိုင် နှမျောစရာမလိုတဲ့ သံယောဇဉ်ကြီးမှုတွေ
ဒီအရွယ်တိုင် နှမျောစရာမလိုတဲ့ သံယောဇဉ်ကြီးမှုတွေ
ခွတီးခွကျ နဲ့ စိတ်ကြီးမာနဝင်တဲ့ သူ့ရဲ့ယုံကြည်မှုတွေ
မေမေ့ဆီက အမွေရခဲ့တာပဲပေါ့၊
မေမေ့ဆီကပဲ တော်လှန်ရေးလို ယုံကြည်မှုတွေ သူရယူခဲ့တယ်။ မေမေက သူ့ကို ကြွယ်ဝချမ်းသာအောင်၊ ထင်ပေါ်ကျော်ကြားအောင် မလုပ်ပေးခဲ့ဘူး။
အကြောက်အရွံ့ကင်းတာကတော့ သူ့ရဲ့ အထုံပါရမီ။
သူ့ပြူတင်းပေါက်ကိုဖွင့်လိုက်
အရွက်ထူထဲ သစ်ကိုင်းများမှာ ကျည်ကျာတွတ်ထိုးနိုင်ဖို့
သူ့မျက်လုံးတွေ ပွင့်လာအောင် နမ်းစမ်းပါ။
သူ့ကို မှတ်စုစာအုပ်နဲ့ မင်ပုလင်း ပေးစမ်းပ။
နို့သောက်ဖို့ပေးလို့၊ သူထွက်သွားတာကို ကြည့်စမ်းပ။
ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
From Selected Poems (Penguin)
No comments:
Post a Comment