ကလေးစာအုပ်တွေပဲ ဖတ်တယ်
ကလေးဆန်တာတွေပဲ ချစ်တယ်
လူကြီးကိစ္စတွေ အဝေးကိုလွှင့်ပစ်
ဝမ်းနည်းဖွယ်အကောင်းဆုံး
အကြည့်တွေက ပြန်ထတယ်။
ဘဝကတော့ သေချင်စရာကောင်းလောက်အောင်
ငါ ပင်ပန်းနေပါပြီ။
ငါလိုချင်တာ ဘာမျှမရှိတော့
ဒါပေမယ့် ပလာကျင်းတဲ့
ငါ့ကမ္ဘာကြီးကို ငါဝှဲချီးကျင်းပရတယ်
ငြီးငွေ့ဖွယ် ပြန်ပြောစရာ
တခြားကမ္ဘာလည်း မရှိဘဲကိုး။
သစ်တောများအပြည့် ကွင်းပြင်
အဝေးက ဥယျာဉ်ထဲမှာ
မဲမှောင်၊ မြင့်မားတဲ့
ထင်းရူးပင်များ လွှဲယမ်းနေ
ငန်းဖမ်းနေတဲ့
သွေးတွေနဲ့ သတိရနေခဲ့။ အိုဆစ်ပ် မင်ဒဲစတန်း (Osip Mandelstam)
No comments:
Post a Comment