မနက် နိုးကတည်းက
ငါ့မုတ်သုံတွေကို
ပျိုးထားတာပေါ့
သူနဲ့တွေ့မှ သည်းတော့မယ်လို့၊
ဒီလိုနဲ့ပဲ
ညနေခင်းကျလာ
တစိမ့်စိမ့်ရွာသွန်းနေရာကပဲ
ငါ့ရဲ့မိုးတိမ်တွေ
လှိုက်လှိုက်လှဲလှဲ ခက်ထန်လာ
ကြုံရာမိတ်ဆွေနဲ့ ဝိုင်းတွေမှာ
ဦးတည်ရာမဲ့ အလွမ်းတွေ
သရမ်းနေတော့တာ။
ယောဟန်အောင်
ဇွန် ၂၆၊ ၂၀၁၇
No comments:
Post a Comment