စုံလုံးကန်းထောက်ခံသူတွေ
စုံလုံးကန်း ကိုးကွယ်သူတွေ
စုံလုံးကန်း မျိုးချစ်ကြားမှာနေပြီး
ငါလည်း တနည်းတဖုံ စုံလုံးကန်းတာ
မှားသလား
စွန်လွှတ်တဲ့ ရာသီပါ
ရမက်တွေ၊ အိပ်မက်တွေကို
လက်ရဲဇက်ရဲ လွှင့်တင်ထားခဲ့တယ်
သံယောဇဉ်ကြွက်မြီး
တလွင့်လွင့်ရယ်။
ညိုမှိုင်းပြာတဲ့ နေရီကျင်မှာ
ကြိုးတွေကို ပြန်မရုပ်သိမ်းချင်ခဲ့ဘူး
ဒါပေမယ့် ဘဝက တုန့်တုန့်ဆွဲတာနဲ့
ကောင်းကင်ကြီးပါ ယိမ်းထိုးနေခဲ့တယ်။
ဇန် ၃၁၊ ၂၀၁၇
No comments:
Post a Comment