Pages

Tuesday, December 27, 2016

သူမရှိတဲ့ တန်ဆောင်မုန်းလပြည့်ည

သူမရှိတဲ့ တန်ဆောင်မုန်းလပြည့်ည
ခါးတယ်
မယ်ဇလီဖူးသုပ် ခါးတယ်။ 
ကြာဆံဟင်းခါး ခါးတယ်။ 
စတောက် ဘီယာ ခါးတယ်။ 


မီးပန်းဗျောက်အိုးသံ တဒိန်းဒိန်းဆို 
ရင်ကွဲမတတ် သူ့နှလုံး ခြောက်ခြားတယ်။

လစ်ဟာနေတဲ့ ဘဝများ
ငါ့တို့မှာ … 
ဖုန်းတစ်ကောလ် လစ်ဟာနေတယ်
ချတ်တင် (Chatting) မီး အစိမ်းလေး လစ်ဟာနေတယ်
အူစိုမှု လစ်ဟာတယ် 
လုံခြုံမှု လစ်ဟာတယ်
တရားမျှတမှု လစ်ဟာတယ်
ဒီတညဟာ ကြယ်တာရာ စုံညီဆိုပေမယ့်

ကြယ်တစ်လုံး လစ်ဟာနေတယ်။ 

ဘိက္ခူတို့
အမျိုးကောင်းသားတို့ 
ပံ့သကူမဟုတ်ရပါဘူး 
ဒါဟာ သူမ ခဏ လျစ်လျူရှုထားခံရတဲ့ 
ကျနော့်နှလုံးသားပါ
အကြာကြီးတော့ ပစ်မထားဘူးထင်တာပေါ့။

ယောဟန်အောင်
နို ၁၄၊ ၂၀၁၆။
 

No comments:

Recent Comments