အရွယ်ရလာတော့ ဘဝကို
ကျောက်ချထားပြီ ထင်မိတယ်။
ကဗျာတွေလည်း မရေးချင်တော့ဘူး။
ကျောက်ချထားလျှက်က မီးထွန်းပြီး
ကင်းမွန်မျှားနေတဲ့ လှေဟာငါလား။
ဇီဝဇိုးငှက်လေးတွေ လာပြီး သွေးအံလာအောင်
ချော့မြူထောက်ချောက်ဆင်တဲ့ အိမ်အိုလား
မျက်ရည်ချူရအောင် ဇာတ်မင်းသားမှ မဟုတ်တာ။
ခရီးသွား လူထုများများနဲ့
စကားပြောဖြစ်လေလေ
တွေဝေလာတယ်။
အမေရိကန် ပြန်ရမလား။
ဆရာစံ လုပ်ရမလား။
မတရားမှုတွေက မြစ်တွယ် တင်းကြမ်း။
ခုရေးတာ ကဗျာမဟုတ်ပါဘူး။
What's on your mind? ဆိုလို့ ပြောတာ
Like မလုပ်ကြပါနဲ့။
ယောဟန်အောင်
စက် ၁၀၊ ၂၀၁၆
No comments:
Post a Comment