ဘူတာတွေအများကြီး ခုတ်မောင်းသွားပြီးမှ
သတိတရနဲ့ ရပ်မိခဲ့
ဇယားတွေ အတိအကျနဲ့မို့
ကိုယ့်ဘူတာဟောင်းလေး ဝေးကွာ
နောက်ပြန်ငေးဖို့ မဖြစ်နိုင်တော့ပါ။
'ငယ်ချစ်' ဆိုတာ
ရေကူးသင်၊ စက်ဘီးစီးတတ်သလို
ဖြတ်သန်းပြီးရင် ပြန်မေ့မရတတ်တဲ့အရာ
ရုပ်ခန္ဓာကိုယ်၌ထဲ ပေါင်းစည်း အမှတ်သညာ။
"မနှစ်က မှိုရခဲ့တဲ့နေရာ
ဒီနှစ်လည်း မှိုကျင်းတွေ ပြန်တွေ့ရဦးမှာ"…….။ *
ယောဟန်အောင်
စက် ၉၊ ၂၀၁၆
* ကချင်စကားပုံ
No comments:
Post a Comment