သူဟာ ဒီတလော ပြုံးပြုံးကြီးဖြစ်နေတယ်။
တချိန်လုံး ပြုံးပြုံးကြီး ဖြစ်နေရှာ
ရောဂါဗေဒဆန်ဆန် မသင်္ကာ ဖြစ်လာကြတယ်ဆိုပဲ။
ရောဂါဗေဒဆန်ဆန် မသင်္ကာ ဖြစ်လာကြတယ်ဆိုပဲ။
သူက ဖုန်းမျက်နှာပြင်ကြည့်လို့
ပြုံးပြုံးကြီးဆို၊
'ဘောမ' လာလာ၊ 'မေ့မေ့သား' လာလာ
မိတ်ဆွေဖြစ်ချင်တာ ဖြစ်ပေးလိုက်တာပဲ၊
သူက လူတိုင်းပို့စ်တင်တာကို ကျေနပ်သွားရအောင်
လက်မထောင် Like နှိပ်တယ်။
ဒီလိုနဲ့ သူ့ဖေ့ဘုတ်မျက်ခွက် ဗွက်ထလာတာတောင်
ပြုံးပြုံးကြီးနဲ့ ကြည့်ကောင်းတုန်း။

သူဟာ အမတ်လောင်းတစ်ယောက် မဲဆွယ်သလို
လူတိုင်းကို ပြုံးပြုံးကြီးနဲ့ ကြည့်တယ်။
လူမဆန်တဲ့ ကားစပယ်ယာကိုလည်း ပြုံးပြုံးကြီး
လမ်းထောင့်တိုင်းက စပီကာညံ
ရေဘေးအလှူခံတွေကိုလည်း ပြုံးပြုံးကြီး
တိုက်မလို ပွတ်သီခိုက်
"သေသွားချင်လား" ဟောက်လိုက်တဲ့ ကားဒရိုင်ဘာကိုလည်း
သူက ပြုံးပြုံးကြီးနဲ့ တုံ့ပြန်ခဲ့တယ်။

တန်းစီနေတုန်း ကျော်တက်သူတွေကိုလည်း ပြုံးပြုံးကြီး
ကားပြူတင်းက ကွမ်းတံထွေး ပြစ်ကနဲရှင်းလိုက်သူကိုလည်း ပြုံးပြုံးကြီး
တိုက်ခန်းအပေါ်ထပ်က အမှိုက်ထုတ်ပြုတ်ကျလာတာကိုတောင် ပြုံးပြုံးကြီး
မိုးရွာလို့ ရေနစ်တဲ့လမ်းပေါ်လျှောက်လည်း ပြုံးပြုံးကြီး
ယာဉ်ကြောထဲ ကျပ်ညှပ်နေတုန်း ဖုန်းတလုံးနဲ့ ပြုံးပြုံးကြီး
အရက်အတုတွေနဲ့ မူးရတော့လည်း ပြုံးပြုံးကြီး
သူက ချောမွေ့လိုက်လျောလွန်းလို့
မိတ်ဆွေများကတောင် "ဆပ်ပြာ" လို့ တီးတိုးခေါ်နေကြတဲ့အထိ
သူက ပြုံးပြုံးကြီး။

ပြုံးပြုံးကြီးဖြစ်နေဆို ဘာလိုသေးလဲ၊
သူကိုးကွယ်ရမယ့် ဘုရားသခင်ကို ဖန်တီးထားပြီးပြီ၊
သူမုန်းတီးရမယ့် မိစ္ဆာကို ဖန်တီးထားပြီးပြီ။
သူ့ကမ္ဘာကို သူအဓိပ္ပါယ်ဖွင့်ထားပြီးပါပြီ။
သူကိုးကွယ်ရမယ့် ဘုရားသခင်ကို ဖန်တီးထားပြီးပြီ၊
သူမုန်းတီးရမယ့် မိစ္ဆာကို ဖန်တီးထားပြီးပြီ။
သူ့ကမ္ဘာကို သူအဓိပ္ပါယ်ဖွင့်ထားပြီးပါပြီ။
ပြုံးပြုံးကြီးထိုင်နေတာ
လူမသိနိုင်တဲ့
နှလုံးအတိ ဂွမ်းဆီထိစရာ အကြောင်းတွေရှိထားခဲ့တယ်။
လူမသိနိုင်တဲ့
နှလုံးအတိ ဂွမ်းဆီထိစရာ အကြောင်းတွေရှိထားခဲ့တယ်။
ယောဟန်အောင်
စက် ၈၊ ၂၀၁၆။
စက် ၈၊ ၂၀၁၆။
No comments:
Post a Comment