မကြာခဏဆိုသလို ငါ ဒဏ်ရာရ၊ အလွန်အမင်း နာကျဉ်ရ၊
တွားလုနီးပါး အိမ်ကို တရွတ်ဆွဲပြန်လာရ၊
မလိုမုန်းထား လျှာတွေကြောင့် စူးနစ်ရရုံမက
ပွင့်ဖတ်တခုကြောင့်လည်း ဒဏ်ရာ ရစေနိုင်တာပဲ။
ငါ့ဘာသာ အမှတ်တမဲ့ ဒဏ်ရာရခဲ့
ဖြတ်သွားဖြတ်လာ ကြင်နာတတ်တဲ့ ကျိုးကြောင်းတွေနဲ့
နောက်တော့ တစုံတယောက်ဟာ နာကျဉ်ခံစားနေရ
ရေခဲပေါ် ခြေပလာ လမ်းလျှောက်ရသလိုမျိုး။
ဒါဖြင့် ငါဘာဖြစ်လို့ ငါနဲ့အနီးဆုံး၊ အချစ်ခင်ရဆုံး

အပျက်အစီးများအပေါ် ရပ်နေရတာလဲ
ငါ.. အရိုးရှင်းဆုံး၊ အစူးရှဆုံး ဒဏ်ရာရနိုင်ခဲ့သူက
ငါ.. အရိုးရှင်းဆုံး၊ အစူးရှဆုံး ဒဏ်ရာရနိုင်ခဲ့သူက
ဒီလို သေလောက်အောင် လွယ်လွယ်ကူကူနဲ့
၁၉၇၃ ခုနှစ်။
Translated by Arthur Boyars and
Simon Franklin
No comments:
Post a Comment