Pages

Friday, September 8, 2017

မနက်ဖြန်ရဲ့ လေပြေ (Tomorrow's Wind)

အရာရာ ရနေပေမယ့်
ဘာကြောင့် ငါအပျော်မဲ့နေ
ဘာတခုမှ ဆုပ်ဆုပ်ကိုင်ကိုင်မရှိ
ဖြစ်နေရသလဲ။
ငါ့ကို သယ်ယူသွားမယ့် လေပြေကို
ငါ အိပ်မက်မက်တယ်။
ငါ့အပေါ် ခုန်ကျော်သွားမယ့်
လေပြေ။ 
အမျှင်မပြတ်နိုင်တဲ့ စကားတွေနဲ့
တွဲအိကျနေတဲ့ တယ်လီဖုန်းကြိုးတွေမှာ
ဖွာကြဲခဲ့။ 
ပြီးတော့ အလဟဿ ဖြစ်စေခဲ့
လေးလောက်လွှဲတွေကို
ပျောက်ကွယ်
လမ်းတိမ်းလွဲစေခဲ့။
"ဒါပေမယ့် တခုခုဖြစ်ခဲ့မယ်ဆိုရင် ဆိုတဲ့သူ" မျိုးစုံ
တုန်လှုပ်နေကြတာပေါ့
ဂျက်ကက်အင်္ကျီထဲက ဂျယ်လီသကြားလုံးတွေလို။

လေဝဲတွေ ဝဲပျံ
ကြွေကျတဲ့ သစ်ရွက်များလို
မခံမရပ်နိုင် အော်ဟစ်ကြ။
'ဘယ်လို ဖြစ်လာတာလဲ ? '
လေပြေမရှိရင်
ယုံကြည်ချက်လည်း မရှိနိုင်ဘူး။
စေးထန်းထန်း အနီရောင်ခဲတံတို့
ကျူပင်များအကြား ပျံ့ကျဲလို့
မနက်ဖြန်ရဲ့လေပြေကြောင့်
ရူးရူးနှမ်းနှမ်း ပျံ့ကျဲလို့။
လေပြေ
ရုပ်ထုများရှေ့မှာ
ဒူးမထောက်ဘူး။
သတင်းစာများနဲ့ ပိုစတာများကို
လေမွှေ့ဆွဲဆုတ်သွားတယ်။
ယမန်နေ့ရဲ့ ဂုဏ်ကြီးမြတ်မှုများက
ထုပ်မိုးထားတဲ့ ခေါင်မိုးများပေါ်မှာ
ကျွမ်းထိုးကုန်ကြပြီ။
လေအီနေချိန်
ဒီဇင်ဘာဆန်တဲ့ အပူထိုးနှက်ချက်များ
ထွေနေ။
လေက အထက်ကိုလှန်လိုက်တော့
အရေးကြီးတဲ့ စာရွက်ငယ်များအားလုံးက
ငါတို့ကို မြေပေါ်
ဖိနှိပ်ချ။
လေက
အမှိုက် အစုအပြုံတို့ကို
ရွာချ
ကမ္ဘာကြီး နစ်နေရတာပေါ့။
ကားများ
လူများကို စီးကြ
ပရိဘောဂများ
ငါတို့အပေါ် ပျံ့ကျဲ။
လေပြေက
ကပ်ညိနေတဲ့ ဖန်သားပြင်တွေကနေ ဆွဲခွာ၊
စုန်းပြုခံနေရတဲ့
အဝိဇ္ဇာတွေနဲ့ အရူးတွေ အားလုံး [ဆွဲခွာ]
သူတို့ကို ဘာမှမစဉ်းစားဘဲ
သူတို့ကို အသားသီတံ (shashlik) လို စိုက်ထူ
သူတို့ချစ်လှစွာသော တီဗွီမျှော်စင် အချွန်တွေပေါ်မှာ ...

မဝံ့ရဲကြတဲ့ လူငယ်တို့…
ငါက မင်းကို တရားဟောနေတယ်။
ရှေ့သို့ ချီကြ
တခေတ်ဆန်းသစ်ဖို့ ဇောက်ထိုးမိုးမျှော်ဝင်ကြ။
သမိုင်းရဲ့ လေပြေတွေနဲ့၊
ပေါ်ပင်တွေ ဒါမှမဟုတ်
ပေါ့သွမ်းတဲ့ကိစ္စတွေနဲ့ [အချိန်ကုန်မခံဘဲ] ပေါ့။ 
အသီးသီး
မျိုးဆက်သစ်တိုင်းက
အထူး လေပြေကို
ဖန်ဆင်းကြရမယ်။
ဖုန်စိုးစဉ်းကိုမျှ
မလှုပ်မထစေရင်
လူငယ်များက
ကူကယ်ကြပါ (SOS)
ပို့သင့် ပို့ကြရမှာပဲ။
လူငယ်ဆိုတာ
လတ်ဆတ်တဲ့ လေပြေရဲ့ ခေတ်ပါ။
သင့်ရဲ့ လူငယ်ဘဝမှာ
ငယ်ရွယ်နုပျိုမှုတွေ
ချွတ်ခဲ့ရတဲ့အခါ
ခေတ်ဟောင်းတွေက
အရွယ်နဲ့မလိုက်အောင် ခက်ခဲနေကြပြီ။
အရာအားလုံးက
သင့်အတွက် မတော်နိုင်တော့ဘူးလား။
ငန်းဖမ်းနေတဲ့ ပါးစပ်တွေနဲ့
အချိန်တွေကို စုပ်ယူပါ။
လေပြေရဲ့
တည်ငြိမ်မှုတွေကို
သင်ရှူရှိုက်နိုင်ပါလိမ့်မယ်။
ပြီးတော့
ပြန်ရှူထုတ်လိုက်ပါ။
လေပြေ
စကြာဝဠာရဲ့
လက်ဆောင်တခုလို ကိုယ်တိုင်ဖန်တီးထားတဲ့ [လေပြေ]
မွေးဖွားလာခဲ့ပြီ။
ပေါက်ကွဲ
မွှေ့ယမ်းလို့။
သဲပေါ်ဆောက်တဲ့
အဆောက်အအုံများကတော့
ချက်ချင်း ပြိုကျမှာပဲ။
ပြီးတော့ ငါက
ဒီအဆောက်အအုံတွေကို

နည်းနည်းမှ ပြန်ပျိုးထောင်မှာ မဟုတ်ဘူး
ပျော်ပျော်ကြီး ကြည့်နေမှာ
ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲနဲ့ပေါ့။
သူဆုတ်ခွာသွားခဲ့ချိန်
လည်ဆံမွေးတွေထောင်လို့
လေပြေက
ငါ့အပေါ် ခုန်ကျော်သွားခဲ့တယ်။
ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
၁၉၇၇ ခုနှစ်။
Translated by Albert C. Todd 

No comments:

Recent Comments