Pages

Thursday, September 7, 2017

ဘရော့ဒ်ဝေး ပြဇာတ်မင်းသမီးတယောက်ရဲ့ တကိုယ်ရေစကား (Monologue of a Broadway actress)

ဘရော့ဒ်ဝေးက မင်းသမီးတယောက် ပြောသလိုပဲ 
အချိန်က ထရွိုင်မြို့ကြီးလို ပြိုကျပျက်စီး
အရှင်းဆုံး ဘယ်အခန်းကမှ သရုပ်ဆောင်ဖို့ မရှိတော့ဘူး။
ဘယ်ဇာတ်ရုပ်ကမှ ငါ့မျက်ရည်တွေ အားလုံးကို မညှစ်ထုတ်နိုင်တော့ဘူး။
ဘယ်ဇာတ်ရုပ်ကမှ ငါ့အစ္ဇျတ္တကို မထုတ်ပြနိုင်တော့ဘူး။
ဒီဘဝကနေ၊ အမှန်ဆိုရင်
သဲကန္တာရကို ပြေးထွက်ဖို့ပဲ ရှိတော့တယ်။
ဘယ်ဇာတ်ရုပ်နေရာမှ မရှိတော့ဘူး။

ပူလောင်တဲ့ ကွန်ပြူတာတလုံးလို
ဘရော့ဒ်ဝေးရဲ့ မီးလျှံများ
ဒါပေမယ့်၊ ငါ့ကို ယုံကြည်စမ်းပါ၊ ဘယ်ဇာတ်ရုပ်မှ မရှိဘူး -
အခန်းတရာကျော်မှာ
ဇာတ်ရုပ်တခန်းမှ မရှိဘူး။
ရိုးရိုးသားသားဆိုရရင်၊ ငါတို့က ဇာတ်ရုပ်ပျောက်နေတဲ့အထဲ ရေနစ်မွန်းနေ ...
စာရေးဆရာကောင်းတွေ ဘယ်မှာလဲ ! ဘယ်မှာရှိနေကြလဲ ?
ညံ့ဖျင်းတဲ့ ကျမ်းရိုးစာတွေက ချွေးတွေသံတွေကြားထဲ ကျိုးကြေသွားပြီ
အချိန်အကြာကြီး သရုပ်ဆောင်နေရတဲ့ ကျွမ်းသမားများအဖွဲ့လို။

ဒါပေမယ့် ဟီရိုရှီးမားအကြောင်း
သူတို့ ဘာသိသလဲ။
လူ ၆ သန်းသတ်ခံရတဲ့အကြောင်း
ငါတို့ရဲ့ နာကျည်းရမှုအားလုံးအကြောင်းလေ ? !
အမှန်တကယ်ပဲ ဒါတွေက ဖော်ပြလို့မရနိုင်ကြဘူးလား ?
ဇာတ်ရုပ်တခုတောင် မရှိဘူးလား !
သံလိုက်အိမ်မြှောင် မရှိဘဲ ဖြစ်နေရသလိုပေါ့။

ကမ္ဘာကြီးက ဘယ်လောက်ကြောက်မက်ထိတ်လန့်ဖွယ် ဆိုတာ
မင်းကိုယ်ထဲမှာ တည်မိလာရင် မင်းသိတယ်။
 တည်ဆောက်ရင်း တည်ဆောက်ရင်း
အပြင်ကိုထွက်ဖို့ ထွက်ပေါက်မရှိတော့ဘူး။

အို.. ဟုတ်တာပေါ့။
အဲဒီမှာ လမ်းကုမ္ပဏီတွေပဲ။
ဒီကိစ္စကတော့
တီဗွီ ဇာတ်လမ်းတွဲတွေပါပဲ။
ဒါပေမယ့် ဇာတ်ရုပ်များကတော့ ဖယ်ထုတ်ထားခဲ့ပြီ။
အစိတ်အပိုင်း သေးသေးနုတ်နုတ်လောက်နဲ့ မင်းကို ဘေးဖယ်ထားကြတယ်။

ငါ သောက်တယ်။ အို.. ငါ့ကို အားနည်းစေမှန်း ငါသိတာပေါ့။
ဒါပေမယ့် မင်းဘာလုပ်နိုင်မှာလဲ။ လူမှ မရှိကြတော့တာ
ဇာတ်ရုပ်မှ မရှိကြတော့တာ ?
တနေရာမှာ အလုပ်သမားတယောက်က သောက်နေတယ်
ဖန်ခွက်က ဆီချွဲ လက်ဗွေရာတွေနဲ့ မဲမှောင်လို့။
သူ့ ကဏ္ဍဇာတ်ရုပ်လည်း မရှိဘူး !
လယ်သမားတယောက် သောက်နေတယ်။
သူက ပန်းသေနေတဲ့အတွက် လားတကောင်လို တွန်မြည်နေတာပေါ့။
သူ့ ကဏ္ဍဇာတ်ရုပ်လည်း မရှိဘူး !
အသက် ၁၆-နှစ်အရွယ် ကလေးကို
သူ့သူငယ်ချင်းက ခေါက်ဓားမြောင်နဲ့ ထိုးလိုက်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီထက်ကောင်းတာလုပ်ဖို့ မရှိတော့လို့ ...
သူ့တို့ ကဏ္ဍဇာတ်ရုပ်လည်း မရှိဘူး !

အဲသလို ဇာတ်ရုပ်ကဏ္ဍတွေ ရှိမနေတော့၊ ဘဝဟာ
အရှင်းဆုံး နှေးကွေး ဆွေးမြေ့နေတာပေါ့။
မိခင်ဗိုက်ထဲမှာ၊ တို့အားလုံးက ပါရမီရှင်တွေပါ။
ဒါပေမယ့် ပါရီမီထူးဖြစ်နိုင်ခြေရှိသူတွေက
ကဏ္ဍဇာတ်ရုပ် မရှိကြလို့
ငတုံးတွေ ဖြစ်လာတယ်။
ဘယ်သူတယောက်ရဲ့ သွေးကိုမှ ငါမတောင်းဆိုဘူး
ငါ တကယ် ဇာတ်ရုပ်ကဏ္ဍကို တောင်းဆိုတယ်!
ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
၁၉၆၇ ခုနှစ်။

Translated by John Updike with Albert C. Todd 

No comments:

Recent Comments