လူထဲ နာကျဉ်မှုက ဆိုးရွားနေ
သူ့လက်သည်းများနဲ့ ကုတ်ခြစ်နေလို့။
ကျောရိုးများကြား တနေရာရာမှာ
ကျောရိုးများကြား တနေရာရာမှာ
ဆားလို ပွင့်ကျန်။
လူအုပ်ကြီးကို တခုခု အော်ပြောမှာလား၊
ကျွဲနွားများအတွက်တော့ လေးစားမှု အများအပြားပေါ့။
သင်းအုပ်ဆရာဆီ ဝန်ခံမှာလား၊
လူတွေက ဘုရားသခင်ကို မယုံကြည်ကြဘူး။
ဇနီးဆီ ဝန်ခံမှာလား၊
သူမ နားမလည်နိုင်မယ့် နာကျဉ်မှုပဲ။
နိုင်ငံကို ဝန်ခံမှာလား၊
ကြောက်ရွံ့စေအောင် ခြောက်လှန့်ဖို့ ဧရာမ အမှုကြီးပေါ့။
နောက် ပြင်သထားတဲ့ ငုတ်စိမုတ်ဆိတ်နဲ့
လူအုပ်ကြီးကို တခုခု အော်ပြောမှာလား၊
ကျွဲနွားများအတွက်တော့ လေးစားမှု အများအပြားပေါ့။
သင်းအုပ်ဆရာဆီ ဝန်ခံမှာလား၊
လူတွေက ဘုရားသခင်ကို မယုံကြည်ကြဘူး။
ဇနီးဆီ ဝန်ခံမှာလား၊
သူမ နားမလည်နိုင်မယ့် နာကျဉ်မှုပဲ။
နိုင်ငံကို ဝန်ခံမှာလား၊
ကြောက်ရွံ့စေအောင် ခြောက်လှန့်ဖို့ ဧရာမ အမှုကြီးပေါ့။
နောက် ပြင်သထားတဲ့ ငုတ်စိမုတ်ဆိတ်နဲ့
စိတ်ကုဆရာ ရောက်လာ၊
နွေးထွေးစွာ မထုံတက်တေးပုံနဲ့
ဗော်ဒကာနံ့ ခပ်ပြန့်ပြန့်သင်းလို့။
မင်းဆံပင်တွေကို ဆွဲဖျင်နေလည်း
နွေးထွေးစွာ မထုံတက်တေးပုံနဲ့
ဗော်ဒကာနံ့ ခပ်ပြန့်ပြန့်သင်းလို့။
မင်းဆံပင်တွေကို ဆွဲဖျင်နေလည်း
သူက မင်းရဲ့ ပူဆွေးသောက၊ မကျေနပ်မှုတွေကို
နှစ်နာရီကြာအောင် နားထောင်လိမ့်မယ်
ပြီးတော့ အားလုံးအတွက် ပြေစာဖြတ်ပိုင်း ၂ စောင်။
နောက်တော့ ညစ်ပတ်နေတဲ့ လမ်းငယ်များကြား
နောက်တော့ ညစ်ပတ်နေတဲ့ လမ်းငယ်များကြား
ခြေကျင်ထွက်သွား
သူ့လျှာအောက်မှာ
သူ့လျှာအောက်မှာ
စိတ်ငြိမ်ဆေးတပြား ငုံလို့။
အနည်းဆုံး တန်ဖိုးမရှိဘူး ဆိုရင်တောင်မှ
အနည်းဆုံး တန်ဖိုးမရှိဘူး ဆိုရင်တောင်မှ
အဲဒီမှာ လှည့်ဖျားတတ်တဲ့ စူးစိုက်ခံလိုမှုတခု ရှိတယ်။
သူငယ်ချင်း စိတ်ကုဆရာတဦးကို သူကိုယ်တိုင်က လိုချင်တာကြာပေါ့
ခဏငှားစရာ မိတ်ဆွေတဦးပေါ့။ သူငယ်ချင်း စိတ်ကုဆရာတဦးကို သူကိုယ်တိုင်က လိုချင်တာကြာပေါ့
ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
၁၉၇၈ ခုနှစ်။
Translated by Albert C. Todd
No comments:
Post a Comment