ငါ မအိပ်နိုင်၊ ဟိုးမား၊
နဲ့ တောင့်တင်းနေတဲ့ အဖြူရောင်လှေများ
ငါက လှေများစာရင်းကို တဝက်လောက်ထိပဲ ရေတွက်နိုင်
ရှည်လျား၊ ရှည်လျားလှတဲ့ ပေါက်ပွားရာ၊ ပျံသန်းနေတဲ့ ကြိုးကြာငှက်များက
တစ်ခါက ရှေးဟောင်း ဂရိကို အထက်သို့ မတင်ခဲ့ကြပြီ။

ကြိုးကြာငှက်များရဲ့
သပ်မြားဦးက တစိန်းဆန်ဆန် အဝေးနယ်ခြားသို့ …
ဘုရင်များရဲ့ ဦးခေါင်းထက်၊ ရေမြုပ်တွေလို၊ သရဖူများက တောက်ပသလို…

မင်းဘယ်ကို ရွက်လွှင့်မှာလဲ၊
အကယ်၍ ဟယ်လင်က ဒီမှာမရှိဘူးဆိုရင်
မင်းအတွက် ထရွိုင်က ဘာအဓိပ္ပါယ်ရှိတော့မှာလဲ၊

အခီးယား (Achaeia) က
လူတွေရဲ့ အနုသုခုမများလား။
ဟိုးမားနဲ့ ပင်လယ်ပြင်က
အချစ်ကြောင့်သာ ထကြွလှုပ်ရှားလာရတာပါ။
ငါ ဘယ်သူ့ကို နားထောင်ရမှာလဲ။ ခုတိုင် ဟိုးမားက တိတ်ဆိတ်နေဆဲ၊
နက်မှောင်တဲ့ ပင်လယ်ပြင် အပေါ်မှာ ကြုံးဝါးဟစ်ကြွေး
အောင်ပွဲခံတဲ့ အသံများကြား နစ်မြုပ်ခဲ့၊ ငါ့ အိပ်မပျော်နိုင်တဲ့ အိပ်ယာတွေရဲ့ ခေါင်းပေါ့။

အိုဆစ် မင်ဒဲစတမ်း (Osip Mandelstam)
No comments:
Post a Comment