ငါ သူ့လက်ကလေး မကိုင်ဖူးဘူး
ငါတို့ ရုပ်ရှင်ရုံအမှောင်မှာ မထိုင်ခဲ့ဖူးဘူး
ငါ့စက်ဘီး ဘားတန်းမှာ နင်မထိုင်ခဲ့ဖူးဘူး
ငါတို့ ကန်ရေပြင်ကို ခဲနဲ့မပေါက်ဖူးဘူး
နင်လည်း အိမ်ပြန်နောက်ကျလို့ ဆူခံရတာမျိုး မရှိခဲ့ဘူး
ငါလည်း နယ်အပြန်ကားဂိတ် လိုက်မပို့ဖူးဘူး
ပန်းတပွင့်ကို လက်နောက်ပစ်ကိုင်ပြီး မျှော်တော်ယောင် စောင့်မနေခဲ့ဖူးဘူး
နင်ကလည်း မချစ်ပြင်ပြင် မစိမ်းခဲ့ဖူးဘူး
နင့်ထမင်းဘူးကို စပ်စုပြီး ငါမနှိုက်စားခဲ့ဘူး
ငါ့ပေးတဲ့ကတိတွေလည်း နင်မယူခဲ့ဖူးဘူး
စိတ်ကူးပုံရိပ်ကလွဲလို့ နင့်ဓာတ်ပုံကို ငါမရခဲ့ဖူးဘူး
ဒါပေမယ့်
ရူးသွပ်ခဲ့ဖူးတယ်
လွမ်းရင်းနဲ့ ကျေနပ်တယ်
ကဗျာကတော့ ဒါပါပဲ။
ဇူလိုင် ၂၄၊ ၂၀၁၇
No comments:
Post a Comment