Pages

Friday, July 28, 2017

တိမ်ဦးလေပြေ မောင့်ကိုစေ (Between the clouds)

အန်ကန် ချန်တာတစ်ပ် (Ungkarn Chantatip) [၂၀၀၃ ခုနှစ်]   

သစ်ပင်အရိပ်အောက်မှာ ပုခက်ကိုချိတ်ဆွဲလိုက်တယ်
သစ်ရွက်တို့ရဲ့ ခိုင်ဖွဲ့ကိုင်းခက်ကြားကနေ …
နွေရာသီရဲ့ တိမ်တွေကို ကျောဆန့်ရေတွက်နေမိတယ်
စာအုပ်ကောင်းတအုပ်ကတောင် ဖတ်ဖို့မဆွဲဆောင်နိုင်တော့ဘူး
သင်က အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တို့ ဖြတ်သန်းသွားနေမှုကို မှတ်သားပြု
တိမ်တွေကြား လမ်းကြောင်းတလျောက်
ဖြတ်လာ၊ ထွက်ခွာသွားသူတို့ဆီ လည်ပတ်
မျက်လုံးတို့တောက်ပ၊ နှလုံးတို့ လင်းလက်
ပျော်ရွှင်မှုလော ? ဝမ်းနည်းစရာလော?
သက်ပြင်းတချက်သာမှုတ်တဲ့ အရှည်က
ဘဝလား ? အိမ်မက်များလား?
အို … တိမ်တွေနဲ့အတူ မျှောသာထား။


Between the clouds [2003]

Hammock hung in tree shade
Gaps between the sheaves of leaves…
Stretched out counting hot season clouds
At such a time even good books won’t appeal
As you mark time past, present and future
And visit those that come by then leave
Along the paths between the clouds
Eyes sparkle
– hearts shine 
Happiness? Sorrow?
Only the span of a sigh
Life? Dreams?
Oh … just gone off with those clouds

No comments:

Recent Comments