Pages

Saturday, September 30, 2017

ဗီယက်နမ် ဂန္ဓဝင် (The Vietnam classic)

ဗီယက်နမ် ဂန္ဓဝင်က
အသက် ၇၀ အရွယ် ကလေးပဲ
ပင်ပန်းနေတဲ့၊ ဉာဏ်ကြီးတဲ့ လိပ်မျက်နှာနဲ့။
သူခံစားနေရတဲ့ သူ့ကိုယ်ပိုင် အထူးနာမည်ကျော်ကြားမှုကြောင့်
မဟုတ်ဘူး၊
အနီရောင်အမွေးနဲ့ မြာပွေတဲ့ ကြောင်ထီးရဲ့
အမူအကျင့်ကို သူကြောက်ရွံ့နေရလို့ပဲ။
သူက ဖုန်းကွယ်ထားတဲ့ ရည်ရွယ်ချက်နဲ့ တို့နောက်က တကောက်ကောက်။

ကြောင်က စာအုပ်စင်မှာ ကျောခင်းတယ်
သူ့ဖျာအဖြစ် Saint-John Perse ရဲ့ စာအုပ်တွဲကို ရွေးလိုက်တယ်။
သူက ငရုတ်ကောင်းဗူးတောင့်ကို ဆော့စ်ဗူးတွေအပေါ် ကန်ချလိုက်တော့
ဗီယက်နမ် ဂန္ဓဝင်တွေက ပူပန်စိတ်နဲ့ ငေးကြည့်နေရတယ်။
တဝက်တပျက် ဆာလောင်ပြီး
ထိုင်နေတဲ့ကြောင်၊ ဒါပေမယ့်
မစားဘူး၊ ငရုပ်ကောင်းမှုန့်တွေပဲ [စားတယ်]။

စာညွန့်ရေးသူ၊
အနှစ်သာရအားဖြင့်တော့
ကဗျာဆရာတဦး
ဖြစ်သင့်သလောက်
ဖျော်ဖြေရေးမဖြစ်မှာ ကြောက်နေပေမယ့်
ဂန္ဓဝင်စာပေတွေကတော့ ဘယ်တော့မှ မကျေနပ်ညည်းတွားဖို့ ဖြစ်မှာမဟုတ်
ဒါကြောင့်
အိမ်ထဲမှာ အပိုမုန့် အနားသားတွေ ရှိမှာမဟုတ်ဘူး။

သူက ရေဖန်ခွက်ထဲ ဝီစကီတစက်ကို လောင်းချတယ်
ပြီးတော့ အရက်နဲ့ထွန်းတဲ့ မီးအိမ်ပေါ်
လူးလှိမ့်ရယ်မောမှုနဲ့
ကင်းမွန် ဖြတ်စတွေကို ကင်တယ်
စစ်ပွဲရဲ့ ခြောက်သွေ့တဲ့ သိမ်မွေ့နူးညံ့မှုများ။

သူ့ထဲမှာ ရိုက်နှက်လို့
အတွင်းကျကျ ရွေ့လျား
ဗုဒ္ဓဘာသာဝင် တယောက်ရဲ့ ဝိဉာဉ်ရေးရာ တည်ငြိမ်မှု ခွန်အား
ပြီးတော့ စက်ဘီးသမားတဦးရဲ့ ဘောင်းဘီခြေထောက်များပေါ်က
မေ့လျော့နေတဲ့ အဝတ်ပင်ချိတ်များ။

တိုက်ပွဲရဲ့ မီးတောက်တွေကို လက်တဖက်နဲ့ ပယ်ချလိုက်တယ်
သူက ဘိုဇူအီ (Bo Tzu-i)
ဘို့ဒလဲယား အကြောင်းပြောတယ်၊
ငါထင်ခဲ့တာက
'ဒီလူမျိုးကို ဖျက်ဆီးလိုက်တာက
ဘယ်လောက် အဓိပ္ပါယ်ရှိလိုက်လေမလဲ'
ပြီးတော့ ကြောက်ရွံ့မှု
ငါ့ကိုဖြတ်ပြီး ဖောက်ထွင်း၊
ထိုးဝင်၊
လောင်ကျွမ်း။
ကြောင်ထီးက
စာအုပ်စင်ပေါ်က
ခုန်ချလာ။

သူ့ထဲမှာ ဆာလောင်မှုတွေ လောင်ကျွမ်းမီးတောက်နေ
ကြောင်က ပုလင်းနားကျလာပြီး
ငါ့ ခက်ရင်းခွကြားထဲက
ကင်းမွန်တစကို သွားကြားထဲ ကိုက်ဆွဲသွားတယ်

အိမ်ရှင်က ဗီယက်နမ်လို အော်တယ်
'ရှူး'
ပြီးတော့ ပရိယာယ်ဝေဝုစ် မရှိလှတဲ့ လုပ်ရပ်ကို စိတ်ပျက်
သူ့လက်ကို ဖြန့်
ငါက အားလုံးကို မတော်တရော် ရှိလိုက်လေလို့
ထင်မြင်သွားမှာ ကြောက်ရွံ့လို့။

ငါက စိတ်မသက်မသာနဲ့ ကြောင်ကိုလက်ထဲ ခေါ်ထား
ကြောင်ကတော့ ခိုးမှုကြောင့် သူ့ကိုယ်တိုင်လည်း သိပ်မပျော်ရွှင်
သူ့အလေးချိန်က ဘာမှမဟုတ်ပါလား
ငါ သတိပြုမိလာတော့
ငါက ထုံကျင်မှုနဲ့ အေးခဲနေတယ်။

သဘာဝရဲ့ အမွေးနီ အပိုင်းအစနဲ့ ပူနွေးတဲ့ သဲစများက
သူ့ကျောပေါ် ဘီးတလုံးလို အမိုးခုံးဖွဲ့နေ
သူက လက်ဖဝါးပေါ်မှာ အလေးချိန်မဲ့ ဖြစ်နေ
ပေါ်ပလာပင် (poplar) ရဲ့ မွေးမျှင်များလို။
'ငါ့ကို ခွင့်လွှတ်ပါ...'-
သူ့ မျက်လုံးသူငယ်အိမ်ထဲ ဝမ်းနည်းရိပ် ခပ်ရေးရေး၊
ပြီးတော့ ဘာမှမဟုတ်၊
ငါက သိစိတ်အပြည့်နဲ့ ပြောတယ်။
ကြောက်မက်ဖွယ် အလေးချိန်မဲ့ခြင်းရဲ့ အလေးချိန်ထက်
ငါ့လက်များကို ကိုင်ထားရတာ ပိုပြီးများ လေးလံနေခဲ့သလား၊
ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
၁၉၇၂ ခုနှစ်၊ ဟနွိုင်မြို့။
Translated by Albert C. Todd

Saint-John Perse အခြားအမည် Saint-Leger Leger, Alexis Leger (1887 –1975) လည်း ခေါ်ကြတယ်။ ပြင်သစ် သံတမာန်-ကဗျာဆရာ၊ ၁၉၆၀ မှာ နိုဘဲဆုရခဲ့တယ်။


Charles Pierre Baudelaire (1821 –1867) နာမည်ကျော်ပြင်သစ် ကဗျာဆရာ၊ 

No comments:

Recent Comments