ငါတို့ရဲ့ စပ်ကူးမတ်ကူးတွေက
ကြာလိုက်တာ
စပ်ကူးမတ်ကူးတောင်
ဟုတ်ရဲ့လား ပြန်ပြန်တွေးမိ
မြစ်ကြီးကို အလျားလိုက်ကူးနေပြီး
ကတိကဝတ်တွေနဲ့ မြုပ်သွားမှာလား
ပန်းတိုင်ပျောက်ပြီး
ဘယ်နေရာရောက်ရောက်ဆိုတဲ့ စပ်ကူးမတ်ကူးများလား
သော့မရှိတဲ့ မနက်ဖြန်များလား
စပ်ကူးမတ်ကူးဆိုပေမယ့်
သူ မေ့မေ့လျော့လျော့
ပေါ့ပေါ့တန်တန် ရှိနေတဲ့ စပ်ကူးမတ်ကူးများလား
သံသရာဆွဲဆန့်နေတဲ့
စပ်ကူးမတ်ကူးများလား
မျောသွားတဲ့ ပုလင်းထဲက
စာတစောင်ကို မျှော်နေရတဲ့ စပ်ကူးမတ်ကူးများလား
ငါတို့ စပ်ကူးမတ်ကူးက
လူစဉ်မမီတော့ဘူးလား။
လာခဲ့တယ်…
တောင်တွေကျော်ပြီး
လာခဲ့တယ်..
မုန်တိုင်းနဲ့အတူ လာခဲ့တယ်…
ပင်လယ်ရွှက်လွှင့် လာခဲ့တယ်…
ချောက်ကမ်းပါးကြီးကို
တံတားကျောခင်း လာခဲ့တယ်။
ငါလျှောက်ခဲ့တာ နှစ်
၃၀
မင်းဆီ မရောက်နိုင်သေးဘူး
ရေမကြည် မြက်မနုနိုင်သေးဘူး။
ဒီစပ်ကူးမတ်ကူးမှာ
စားပွဲခင်း ပန်းအိုး
ဟိုတိုးသည်ရွှေ့တာနဲ့ တို့ပြီးကြမှာလား
ဒီစပ်ကူးမတ်ကူးမှာ
မျက်လှည့်လက်လှည့်
မှော်ဆန်ဆန် ဝေါဟာရလှည့်တွေနဲ့ တို့ ပြီးကြမှာလား
ဒီလမ်းပြမြေပုံကိုယ်၌က
မှောက်မှောက်မှားမှား။
ဒီစပ်ကူးမတ်ကူးလမ်းမှာ
မြောက်ပြန်လေက ခဏလေးဝှေ့ရမ်းပြီး
ထွက်သွားရုံနဲ့
အလွမ်းတွေက အလှဆုံး
ဖူးပွင့်ဝေဆာ။
"အရှည်တွင် သံသရာ
အချည်ကတော့ တဏှာ
သံသရာကို တိုအောင်ဖြတ်
တဏှာကို သေအောင်သတ်"
အချည်ကတော့ တဏှာ
သံသရာကို တိုအောင်ဖြတ်
တဏှာကို သေအောင်သတ်"
ဒီစပ်ကူးမတ်ကူးတော့
သူဖြတ်မှ အပူအေးပါလိမ့်မယ်။
ဒီစပ်ကူးမတ်ကူးမှာ
အရေးကြီးအဆို မလိုအပ်ဘူး
ဒုတိယအကြိမ် လွှတ်တော်သက်တမ်း၊
ပဉ္စမအစည်းအဝေး၊ တတိယနေ့ တင်ပြမှု
စသည်ဖြင့်… စသည်ဖြင့်…
မေးခွန်းတွေ မရှုပ်ထွေးလှသလို
ကိန်းကြီးခန်းကြီး
သတင်းစာရှင်းပွဲလည်း ရှိမနေဘူး
သူတဦးတည်း အတည်ပြုမှုတော့
လိုအပ်တယ်။
ယောဟန်အောင်
ဖေ ၁၀၊ ၂၀၁၇
No comments:
Post a Comment