Pages

Friday, June 14, 2013

နိုက်ဂရာ ရေတံခွန်



ရေမှုန်ရေမွှားတွေ ပြုတ်ကျနေတာမဟုတ်ဘူး
မြစ်ကြီးနိုက်ဂရာ တစ်ခုလုံး ထိုးကျသွားတာ
တကယ်တော့
ခုန်ချသွားတာ ...
ရင်ကွဲပက်လက် ပြတ်ရွေ့ကြောတစ်လျောက်
မြစ်တစ်ခုလုံးက သွန်မှောက်ချလိုက်တဲ့ မျက်ရည်။

သူ့ကို ငါတို့က တန်ဖိုးကြီးကြီး ထားခဲ့ကြတာပေါ့
သဲကန္တာရထဲ လျှောက်နေစဉ်
ငါတို့ အမြဲတွေးနေခဲ့ပါတယ်။
သမုဒ္ဒရာ ဖြတ်သန်းစဉ်လည်း
မြောက်ကြယ်စင်လို သူ့ကိုမှန်းဆ
လမ်းမတိမ်းမှားစေခဲ့ရဘူး။
သစ်တောထဲမှာ ညပြောက်ကျား
ငါတို့ မမှောက်မှားခဲ့တာလည်း မင်းကြောင့်ပါကွဲ့။

ခြောက်ခြောက်ခြားခြားနဲ့
ခုတော့ မြစ်ကြီးနိုက်ဂရာဟာ ခုန်ချသွားမှန်း သိလိုက်ရတယ်။
အချစ်တွေက
မေတ္တာတရားက
Nostalgia နဲ့ အတိတ်ကို ပြန်လွမ်းကြရတော့မှာပဲ။  
ငါတို့ အောင်ပွဲတွေက အရိုးအရင်း အကြွင်းအကျန်မျှ
အနာဂတ်က မြူမှုန် မှိုင်းပြ။

နွေဦးတွေကို ချစ်တတ်ရုံမဟုတ်
ရှည်လျား ဆောင်းညတွေကိုလည်း ချစ်ရပေလိမ့်မယ်။

ယောဟန်အောင်
ဇွန် ၁၃၊ ၂၀၁၃။








4 comments:

Hmoo said...

အဲဒီညကကျီးမနိုးပွဲရဲ့တပိုင်းတစကြယ်တွေစုံတဲ့ည၊ :)

Phyu said...



ဆိုတာလေးကို စိတ်ထဲ သေသေချာချာ ခံစားမိသွားတယ်ဆရာ..

ငြိမ်းစိုးဦး said...

မြစ်တစ်ခုလုံးက သွန်မှောက်ချလိုက်တဲ့ မျက်ရည်မှာ မမျှောပါအောင် ထိန်းနိုင်ဖို့ ကြိုးစား သတိထားရန် အသိဝင်ခဲ့ ...

သိ င်ျဂါ ရ said...

ပန်းလေး တစ်ပွင့် ... ဖြေးဖြေးချင်း ... ဖူးပွင့်လာတာကို ... စောင့်ကြည့်ရတာ က လည်း ချစ်တတ်စရာ ... :)

Recent Comments