Pages

Saturday, March 3, 2012

မီးနင်းပွဲ

ထုံ ... ထုံ ... ထုံ
ဗုံသံစ
လူတွေ လှုပ်ခုန် အုပ်ရွ
ညထဲမှာ ပြာဋိဟာပြပွဲ။

နှဲသံ
အီဆွဲ ရှည်လျလျ
အသံတွေ နေဝင်ဖျော့လျ
ညရဲ့ နားမလည်တဲ့ စကားပိုင်းစ
ပဟေဠိဆန်ရတယ်။

ကျင်းထဲမှာ ရဲ
မီးထဲမှာ လူ
တဦးသူဟာ
<သူ ... ကျွန်ုပ်>
တဦးမှ မဟုတ်
တန်ခိုးရှင်ရဲ့ အုပ်စီးခြင်း
ဖီးနစ်ရဲ့ သီချင်းသစ်
ဘဝကို ချစ်ခြင်းအတွက်
ဖန်ဆင်းရှင်ရဲ့ လက်ဆောင်ပေါ့။

နက်ရှိုင်းခြင်း
<သာမာန်တို့ လိုက်လို့မမီ>
ကမ္ဘာမြေဆီရဲ့ တွင်းနက်မှာ
သိုဝှက်လာတဲ့
ပတ္တမြား ရတနာပမာ
မြင့်မြတ်ခြင်းနဲ့ ကဗျာဆန်လာပြန်တယ်။

တဟဲဟဲ မီး
တငြီးငြီး လောင်
အောင်သံဗုံဟီး၊ မျက်နှာမီးရဲ
အရိပ်တွေ လှုပ်ခုန် က ဝဲ
ကောင်းကင်ယံထဲက တေးသံသီပွဲ
တမန်တော်မဲတွေဟာ
ပျော်ရွှင်ပါစေ။
ကမ္ဘာမြေ သာယာပါစေ။
ကျေးငှက်တေးသံ ညံပါစေ။
ဆန်ရေစပါး များပါစေ။
သားကောင်းရတနာ ပွားပါစေ။
ငါးတွေများများ မြူးစေ မြူးစေ
သားတွေများများ မြူးစေ မြူးစေ။

ကဲ... ခင်
“လက်မှာ မင်ကြောင်၊ ပေါင်မှာ ထိုးကွင်း
မိုးအလင်းမှာ၊ ဝိုးဝင်းမြင်တယ်” *
ပြင်မရတဲ့ ကဗျာတပုဒ်
ကျွန်ုပ်တို့ ရေးထုတ်ပြီးတဲ့
ငြီးငွေ့ဖွယ် မနက်မှာ
ချဉ်းကပ်လာတဲ့ မီးနင်းပွဲ
တရဲရဲ ငြီး။

* မောင်ခိုင်မာ.. “တောသားလည်း ဟုတ်နိုင်ပေါင်ခင်ရယ်” မှ-

ယောဟန်အောင်
ဇန်နဝါရီ ၁၈၊ ၁၉၈၇။

No comments:

Recent Comments